NCA လမ်းကြောင်း မဖြစ်မနေ ဆက်သွားမယ်လို့ စစ်ခေါင်းဆောင် ပြော
နေပြည်တော်၊ ဧပြီ ၁၁ သူအနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA လမ်းကြောင်းကို မဖြစ်မနေ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ သမ္မတ ဖြစ်လာတဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။ မနေ့ ဧပြီ ၁၀ ရက်နေ့မှာ သမ္မတဖြစ်တဲ့ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲပြည်နယ်ဝန်ကြီးချုပ်တွေ၊ ဒုတိယဝန်ကြီးတွေကို မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။ သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၀…
