ဝါရှင်တန်၊ ဧပြီ ၈

တစ်နိုင်ငံလုံးကို တစ်ညတည်းနဲ့ ရှင်းပစ်မယ်ဆိုတဲ့ သမ္မတ ဒေါ်နယ် ထရန့် သတ်မှတ်ထားတဲ့ ဧပြီ ၈ ရက် နောက်ဆုံး သတ်မှတ်ချိန် မတိုင်ခင် တစ်နာရီလောက်အလိုမှာ အမေရိကန်နဲ့ အီရန်ကြား အပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးက အောင်ပွဲရကြောင်း ကြေညာထားပါတယ်။

အီရန် သဘောတူညီမှုဟာ အမေရိကန်အတွက် လုံးဝ ပြီးပြည့်စုံတဲ့ အောင်ပွဲ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

အီရန်က ညှိနှိုင်းလာအောင် တရုတ်က နားချခဲ့တာ ဖြစ်နိုင်ကြောင်းနဲ့ အီရန်ရဲ့ သန့်စင်ပြီးသား ယူရေနီယံကို ထိန်းသိမ်းရမယ်လို့ ထရန့်က ပြောပါတယ်။

အီရန်နဲ့ သဘောတူညီမှုရရှိတာဟာ ၁၀၀ ရာခိုင်နှုန်း အောင်ပွဲ ဖြစ်ပြီး မေးခွန်းမေးစရာ မလိုဘူးလို့ ထရန့်က ဆိုပါတယ်။

အီရန်က ကမ္ဘာ့ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရေလမ်းကြောင်းကို ဖွင့်လှစ်ပေးဖို့ သဘောတူတာက အပစ်ရပ်ရေး သဘောတူညီမှုအတွက် အဓိက ကျတယ်လို့ အင်ဒီယားနား တက္ကသိုလ်ရဲ့ နိုင်ငံတကာ လေ့လာရေး ပါမောက္ခ ဟူစိန် ဘာနိုင်းက ပြောပါတယ်။

အီရန်အနေနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက် မခံရစေရေး အမေရိကန်ကို နည်းနည်း အလျှော့ ပေးလိုက်တာ ဖြစ်နိုင်တယ်လို့ ပါမောက္ခ ဟူစိန်က သုံးသပ်ပါတယ်။

အီရန်အနေနဲ့ သဘောတူညီမှု မရယူရင် အခြေခံ အဆောက်အဦတွေ တံတားတွေနဲ့ ဓာတ်အားပေး စက်ရုံတွေကို ဖောက်ခွဲ ဖျက်ဆီးပစ်မယ်လို့ ထရန့်က ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

အီရန်အနေနဲ့ နျူကလီးယား လက်နက် မထုတ်နိုင်အောင် တိုက်ခိုက်တာ ဆိုတဲ့ စစ်ပွဲ တစ်လကျော်ကြာ မြင့်ခဲ့ပြီးနောက် အီရန်က သန့်စင်ထားတဲ့ ယူရေနီယံတွေနဲ့ ပတ်သက်လို့ မေးခွန်း ထုတ်စရာတွေ ရှိနေပါတယ်။

ဒါပေမဲ့ ထရန့်က ငြိမ်းချမ်းရေး သဘောတူညီမှု ရယူရင် အီရန်ရဲ့ သန့်စင်ပြီးသား ယူရေနီယံတွေ ကိစ္စလည်း ပါဝင်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

မေလ လလယ်ပိုင်းမှာ တရုတ်သို့ သွားရောက်ဖို့  ပြင်ဆင်နေတဲ့ ထရန့်က အီရန် ညှိနှိုင်းရေး စားပွဲဝိုင်းဆီ ရောက်လာအောင် တရုတ်က နားချခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.