‎ပုလော၊ ဧပြီ ၈

‎တနင်္သာရီတိုင်း ပုလောမြို့နယ် ပြည်ခြားကျေးရွာမှာ စစ်ကော်ရှင်တပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ နှစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ပုလောအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၂၈၀ အမြောက်တပ်ကနေ ပြည်ခြားကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ နှစ်ဦး မီးလောင်သေဆုံးခဲ့ပြီး နေအိမ် သုံးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကလည်း KNU မြိတ်ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ပဝပိန်းတောကျေးရွာကို စစ်ကော်မရှင်တပ်က အသေခံဒရုန်း နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာနဲ့ အသေခံဒရုန်း တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.