March 9, 2026

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားသုံးဦး ရိုက်နှက်နှိပ်စက်ခံရ

သာယာဝတီ၊ မတ် ၉ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကို ထောင်တွင်းလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားသုံးဦး ရိုက်နှက်ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ သာယာဝတီအကျဉ်းထောင်ကို ICRC က ဝင်ရောက်စစ်ဆေးချိန် နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်းလိုအပ်ချက်တွေကို တင်ပြခဲ့တာပါ။ အဲဒီတင်ပြချက်ကို သာယာဝတီအကျဉ်းထောင်ဦးစီးက…

ခါမေနီရဲ့သားကို ထိပ်တန်းခေါင်းဆောင်အဖြစ် အီရန် ရွေးချယ်

တီဟီရန်၊ မတ် ၉ အီရန်နိုင်ငံကို အုပ်စိုးထားတဲ့ နိုင်ငံ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးခဲ့ပြီးတဲ့နောက် သူ့ရဲ့ နေရာမှာ သားဖြစ်သူ ပယာတိုလာ မို့ဂျ်တာဘာ ခါမေနီကို မတ် ၈ ရက်မှာ အစားထိုး ခန့်အပ်လိုက်ပါတယ်။ အမေရိကန်က အီရန်ခေါင်းဆောင်သစ် ရွေးချယ်မှုမှာ သူတို့ ပါဝင်မှ ဖြစ်မယ်လို့ ပြောထားပြီး အစ္စရေးကလည်း မို့ဂျ်တာဘာကို…

ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ရေနံဈေး ဒေါ်လာ ၁၀၀ အထက် မြင့်တက်

နယူးယောက်၊ မတ် ၉ အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ အရှိန်မြင့်လာတာကြောင့် ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောလမ်းကြောင်း အနှောင့်အယှက် ဖြစ်မှု ပိုရှည်ကြာလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ ကမ္ဘာရေနံဈေးနှုန်းဟာ ၂၀၂၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ ဒေါ်လာ ၁၀၀နဲ့အထက်သို့ ခုန်တက်သွားခဲ့ပါတယ်။ မတ် ၈ ရက်မှာ အီရန်က အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း…