January 2026

ရွေးကောက်ခံဆိုတဲ့ ဂုဏ်ပုဒ်တပ်ဖို့ ဇာတ်သိမ်းခန်း ရောက်ရှိလာတဲ့ စစ်အာဏာသိမ်းမှု

မော်လမြိုင် ၊ ဇန်နဝါရီ ၃၁ ကျွန်တော် မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ရဲ့ အာဏာသိမ်းမှုဟာ ကဏ္ဍအစုံ ပျက်စီးယိုယွင်းမှုနဲ့အတူ များစွာသော ပြည်သူတွေရဲ့ ဘဝတွေ အသက်တွေ ခြွေရင်း ဇာတ်သိမ်းခန်းကို ရောက်ရှိလာပါပြီ။ လွန်ခဲ့တဲ့ ၅ နှစ် နိုင်ငံ့အာဏာသိမ်းယူခဲ့ချိန်မှာ စစ်တပ်က အရေးပေါ်ကာလဆိုင်ရာ ပြဌာန်း ချက်တွေနဲ့အညီ ဆောင်ရွက်ပြီးရင်…

တစ်နှစ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU ပြော

မော်လမြိုင်၊ ဇန်နဝါရီ ၃၁ ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ၊…

ဘီးလင်းမြို့နယ် ဖိုးဝသိမ်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရ

ဘီးလင်း၊ ဇန်နဝါရီ ၃၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဖိုးဝသိမ်ကျေးရွာ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့လာရောက် ဗုံးကြဲသွားတာကြောင့် ကျောင်းဆောင်အဆောက်အဦးတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘီးလင်းမြို့နယ် သံတံတားစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီ ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဖိုးဝသိမ်ကျေးရွာက မူလတန်းကျောင်းကို ဒရုန်းနဲ့ဗုံးသုံးလုံး လာရောက်ကြဲချသွားတာပါ။ ဗုံးကြဲခံရတာကြောင့်…

မြန်မာရွေးကောက်ပွဲကို အာဆီယံက အသိအမှတ် မပြုဘူးလို့ ဖိလစ်ပိုင် ပြော

မနီလာ၊ ဇန်နဝါရီ ၃၀ မြန်မာနိုင်ငံမှာ စစ်တပ် အုပ်ချုပ်မှုအောက် မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အာဆီယံ အဖွဲ့ဝင် ၁၁ နိုင်ငံက အသိအမှတ်ပြုမှာ မဟုတ်ကြောင်း လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ သုံးကြိမ်ခွဲပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အာဆီယံအဖွဲ့က လက်ခံအတည်ပြုပေးမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဇန်နဝါရီ…

အမေရိကန်အစိုးရအနေနဲ့ ကနေဒါရဲ့ အချုပ်အခြာ အာဏာကို လေးစားဖို့ ကနေဒါ ဝန်ကြီးချုပ် ပြော

အိုတာဝါ၊ ဇန်နဝါရီ ၃၀ အယ်လ်ဘာတာပြည်နယ် လွတ်လပ်ရေး ရရှိရေး ကြိုးပမ်းနေတဲ့ ခွဲထွက်ရေးသမားတွေနဲ့ အမေရိကန် အရာရှိတွေ ဇန်နဝါရီ ၂၉ ရက်က တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ကနေဒါ ဝန်ကြီးချုပ် မက် ကာနေက အမေရိကန်အစိုးရအနေနဲ့ ကနေဒါရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ စွမ်းအင်တွေ ထုတ်လုပ်နေတဲ့ အနောက်ပိုင်းပြည်နယ်တွေ ကနေဒါကနေ ခွဲထွက်သင့်၊…

နှစ်ဖက်တိုက်ပွဲကြောင့် ပလမြို့ တိုရွာကို စစ်ကော်မရှင်တပ် မီးတင်ရှို့

ပုလော၊ ဇန်နဝါရီ ၃၀ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ တိုရွာကို စစ်ကော်မရှင်တပ်က မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲကြောင့် စစ်ကော်မရှင်တပ်ဟာ လူနေထိုင်မှု မရှိတဲ့ တိုရွာက…

မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းထပ်တိုး

နေပြည်တော်၊ ဇန်နဝါရီ ၃၀ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်း ထပ်တိုးလိုက်တယ်လို့ စစ်ကော်မရှင်က ဇန်နဝါရီ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၃၁ ရက်နေ့က အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတဲ့ အဲဒီမြို့နယ်တွေကို ဇန်နဝါရီ ၂၉…

နောင်တက်လာမယ့် မြန်မာ အစိုးရနဲ့ ချိန်ညှိပြီး စေ့စပ်ဆက်ဆံဖို့ ထိုင်း အဆိုပြု

ဘန်ကောက်၊ ဇန်နဝါရီ ၃၀ မြန်မာရဲ့ အရှေ့တောင်အာရှ အိမ်နီးချင်းတွေအနေနဲ့ ရွေးကောက်ပွဲအလွန် စစ်တပ် ထိန်းချုပ်ထားတဲ့ အစိုးရအဖွဲ့သစ်နဲ့ ချိန်ညှိပြီး စေ့စပ် ဆက်ဆံသင့်ကြောင်း ထိုင်းအစိုးရက ဇန်နဝါရီ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။ ဒါက မြန်မာကို ပိုမို ပျော့ပြောင်းတဲ့ သဘောထားနဲ့ ချဉ်းကပ်ဖို့ ထိုင်းက အချက်ပြလိုက်တာ ဖြစ်ပါတယ်။ အာဆီယံ ၁၁ နိုင်ငံရဲ့…

ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောကို ထိုင်ဝမ် ပထမဆုံး စမ်းသပ် ခုတ်မောင်း

တိုင်ပေ၊ ဇန်နဝါရီ ၃၀ ထိုင်ဝမ်က သူတို့ရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောကို ဇန်နဝါရီ ၂၉ ရက်က ပင်လယ်ရေအောက် စမ်းသပ်ခုတ်မောင်းပြီးစီးခဲ့ကြောင်း ကြေညာပါတယ်။ စစ်ဖြစ်လာရင် အရေးပါတဲ့ ပင်လယ်လမ်းကြောင်းတွေကို ကာကွယ်ရေး၊ တရုတ် ရေတပ်ကို တားဆီးနိုင်မယ့် အင်အား ပိုမိုကောင်းမွန်လာစေရေး ရည်ရွယ်တဲ့ စီမံကိန်းအတွင်း အခုလို အောင်အောင်မြင်မြင် စမ်းသပ် မောင်းနှင်နိုင်မှုဟာ သမိုင်းမှတ်တိုင်…

စစ်အာဏာသိမ်း (၁၈၂၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၇၃၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၃၀ AAPP ရဲ့ ဇန်နဝါရီ၂၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၂၄) ရက်အတွင်း ပြည်သူ (၇၇၃၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၃၅၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၈၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…