January 13, 2026

စစ်အာဏာသိမ်း (၁၈၀၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၈၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၄ AAPP ရဲ့ ဇန်နဝါရီ၁၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၀၈) ရက်အတွင်း ပြည်သူ (၇၆၈၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၂၆၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၅၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အမျိုးသားနိုင်ငံရေးပန်းတိုင်အတွက် ဆက်လက်ကြိုးပမ်းမယ်လို့ TNLA ပြော

မော်လမြိုင် ၊ ဇန်နဝါရီ ၁၄ တအာင်းအမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို ပြည်သူလူထုနဲ့အတူ ရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA က သဘောထားထုတ်ပြန်ပါတယ်။ နိုင်ငံရေးပန်းတိုင်တွေထဲမှာ တအာင်းတမျိုးသားလုံး အဖိနှိပ်ဘဝကနေ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ တအာင်းပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့…

မွန်ပြည်နယ်မှာ စစ်တပ်ရွေးကောက်ပွဲ မဲလာပေးသူ ၄၀ ရာခိုင်နှုန်းပင်မပြည့်

မော်လမြိုင် ၊ ဇန်နဝါရီ ၁၄ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း၂ တို့မှာ မဲလာပေးသူ ၄၀ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ကော်မရှင်ရဲ့ အချက်အလက်တွေအရ ရွေးကောက်ပွဲ အပိုင်း ၁ ဖြစ်တဲ့ မွန်ပြည်နယ်ရဲ့…

လောင်းလုံးမြို့ပေါ်က စစ်တပ်စခန်း ဝင်တိုက်ခံရ

လောင်းလုံး၊ ဇန်နဝါရီ ၁၄ တနင်္သာရီ လောင်းလုံးမြို့ပေါ် လူဝင်မှုကြီးကြပ်ဌာန လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ ဇန်နဝါရီ ၁၃ ရက် မနက် ၆ နာရီအချိန်လောက်က လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့ပြီး…

ဘားအံမြို့နယ်က BGF ဂိတ်စခန်းကို စစ်တပ်ဗုံးကြဲ

ဘားအံ၊ ဇန်နဝါရီ ၁၃ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ဂိတ်စခန်းတစ်ခုကို စစ်ကော် မရှင်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ဘားအံမြို့နယ် သိုက်တောကျေးရွာမှာရှိတဲ့ BGF အကောက်ခွန်ဂိတ်စခန်းကို စစ်ကော်မရှင်တပ်က တိုက်ပွဲမရှိဘဲ လေကြောင်းကနေ…

ဘီးလင်းမှာ စစ်တပ်စစ်ကြောင်းက အရပ်သား နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

ဘီးလင်း၊ ဇန်နဝါရီ ၁၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေလောင်းအင်းကျေးရွာအနီး ဘီးလင်း-နတ်ကြီးလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းက အရပ်သားအမျိုးသား နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ဘီးလင်း-နတ်ကြီးလမ်းပိုင်းမှာ ဆိုင်ကယ်တစ်တည်း စီးလာတဲ့ အမျိုးသား…

မွန်ပြည်နယ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနဲ့ မွန်ညီညွှတ်ရေးပါတီ အများဆုံး အနိုင်ရ

မော်လမြိုင်၊ ဇန်နဝါရီ ၁၃ မွန်ပြည်နယ်မှာ စစ်တပ် ဦးဆောင်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နဲ့ မွန်ညီညွတ်ရေးပါတီ MUP တို့ကသာ အများဆုံး အနိုင်ရရှိခဲ့တယ်လို့ ပြည်နယ် ရွေးကော်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာ…

၁၀ ရက်အတွင်း အမေရိကန် လဝက ဖမ်းထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄ ဦး သေဆုံး

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး ၁၀ ရက်အတွင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄ ဦး သေဆုံးခဲ့ကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သမ္မတ ထရန့် လက်ထက် ပြီးခဲ့တဲ့နှစ်က အမေရိကန်မှာ အာဏာပိုင်တွေ ဖမ်းဆီးထားချိန်အတွင်း စံချိန်တင် သေဆုံးမှုတွေ ရှိခဲ့ပြီးနောက် အခု သေဆုံးမှုစာရင်း…

ရိုဟင်ဂျာ စစ်သွေးကြွ ၅၃ ဦးကို ဘင်္ဂလားဒေ့ချ် ဖမ်းဆီးပြီး မြန်မာနယ်စပ်မှာ တပ်လှန့်ထား

ဒါကာ၊ ဇန်နဝါရီ ၁၃ နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာတဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ဝင် ၅၃ ဦးကို ဖမ်းဆီးထားပြီး မြန်မာ နယ်စပ်မှာ ဘင်္ဂလားဒေ့ချ်က တပ်လှန့်ထားကြောင်း ဒါကာ အရပ်ဖက် စစ်ဖက်ဆိုင်ရာ အရာရှိတွေက ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။ လူဦးရေ ၁ သန်းကျော်နေထိုင်နေတဲ့ ကော့ဘဇား…