ပန်းတောင်း၊ ဇန်နဝါရီ ၉
ကျန်တဲ့ ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ အပိုင်း ၃ တို့မှာလည်း စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မဲပေးကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၈ ရက်နေ့က ပဲခူးတိုင်း ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတွေအပါအဝင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံမဲဆွယ်ခဲ့တာပါ။
စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ အပိုင်း ၁ မှာမဲလာပေးသူများပြားကြောင်းနဲ့ ကျန်တဲ့ ရွေးကောက် ပွဲ အပိုင်းတွေမှာလည်း မဲပေးမှု ရာခိုင်နှုန်းများအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက် တွန်းခဲ့တာပါ။
ဒါ့အပြင် ဆန္ဒမဲပေးရာမှာလည်း နိုင်ငံတော်နဲ့ဒေသအကျိုးကို ဆောင်ရွက်ပေးနိုင်တဲ့သူ၊ အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုးထမ်းရွက်နိုင်မယ့်သူ၊ တပ်မတော်နဲ့ လက်တွဲဆောင်ရွက်နိုင်မယ့် ကိုယ် စားလှယ်လောင်းတွေကို ရွေးချယ်မဲပေးကြဖို့ မဲဆွယ်ခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ရွေးကောက်ပွဲ အပိုင်းအဖြစ် မြို့ နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီသာ အများဆုံး အနိုင်ရရှိထားပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၀ မှာ ရွေး ကောက်ပွဲ ကျင်းပသွားမှာ ဖြစ်ပြီး စစ်ခေါင်းဆောင် သွားရောက်ခဲ့တဲ့ ပန်းတောင်းမြို့နယ်ဟာ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်ပါတယ်။
စစ်ခေါင်းဆောင် သွားရောက်ခဲ့တဲ့ ပန်းတောင်းမြို့နယ်မှာ ဇန်နဝါရီလကစလို့ အာဏာသိမ်း စစ်တပ်နဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ဒေသလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

