စစ်ကောင်စီကိုဝေဖန်မှုကြောင့် အွန်လိုင်းအသုံးပြုသူ ၅၀ နီးပါး လစဉ်ဖမ်းဆီးခံနေရ
မော်လမြိုင် ၊ မတ် ၂ အာဏာသိမ်းမှုလေးနှစ်ကျော်အတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုကြောင့် ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅၀ နီးပါး လစဉ် ဖမ်းဆီးခံနေရတယ်လို့ Data for Myanmar က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီအထိ လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို…