2025

ရေးမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရေး၊ ဇွန် ၂၆ မွန်ပြည်နယ် ရေးမြို့နယ် စံပြကျေးရွာမှာ ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက ဒေသခံအမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စံပြကျေးရွာနေ အသက် ၅၀ အရွယ် ဦးအညာဆိုသူကို သေနတ်သမားတွေက နေအိမ်မှာ ဝင်ရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးအညာဟာ ဦးခေါင်းနဲ့…

မွန်၊ ကရင်၊ တနင်္သာရီဒေသမှာ စစ်ကောင်စီ ဘာတွေ ကျူးလွန်နေလဲ။

“စစ်ကောင်စီဘက်မှာလည်း ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်ဖို့အနေအထား ရှိတယ်။ တော်လှန်ရေးဘက်ခြမ်းကလည်း ရွေးကောက်ပွဲကို သဘောမတူတဲ့ အတွက် ရအောင် ကန့်ကွက်မယ့် အနေအထားရှိတယ်။ နှစ်ဖက်တင်းကြပ်မှုကြားမှာ တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်” – နိုင်မရော့မွန် (SBHN ပြောခွင့်ရ) မြန်မာနိုင်ငံ တောင်ဘက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသတခွင်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့မေလအတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ…

ရာမညမွန်တပ်တော်ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲမှာ တပ်သားတွေကို လက်နက်တပ်ဆင်

ရေး၊ ဇွန် ၂၅ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ၊ ရာမညမွန်တပ်တော်ကနေ ဖွင့်လှစ်တဲ့ အပတ်စဉ် ၄ အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ဇွန် ၂၄ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အခမ်းအနားမှာ တော်လှန်‌ရေးခေါင်းဆောင်တွေ မွန်သံဃာတော်တွေ မျိုးချစ်တွေ အရပ်သားပြည်သူတွေ တက်ရောက်ပြီး မွန်ပြည်သစ်ပါတီ AD နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌနဲ့…

ပုလောမှာ စစ်မှုထမ်း သင်တန်းတက်နေတဲ့ တပ်သား လေးဦး PDF ထံ ထွက်ပြေးခိုလှုံ

ပုလော၊ ဇွန် ၂၅ တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တိုင်းဗဟို-၁၂) မှာ စစ်မှုထမ်းသင်တန်းတက်ရောက်နေတဲ့ လူငယ်လေးဦး ထွက်ပြေးခိုလှုံလာတယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။ အမှတ် ၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် စစ်သားစုဆောင်းခြင်းခံရပြီး သင်တန်းတက်ရောက်နေတဲ့ လူငယ်လေးဦးဟာ ပြီးခဲ့တဲ့…

အမေရိကန် တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ နျူကလီးယား စီမံကိန်း လပိုင်းလောက်ပဲ ဆုတ်ယုတ်သွားဖွယ် ရှိ

ဝါရှင်တန်၊ ဇွန် ၂၅ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို အမေရိကန် တိုက်ခိုက်မှုက တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းကို လပိုင်းလောက်ပဲ ဆုတ်ယုတ်သွားစေလိမ့်မယ်လို့ အမေရိကန် ထောက်လှမ်းရေးရဲ့ ကနဦး စုံစမ်းစစ်ဆေးမှုက ဖော်ပြထားကြောင်း အဲဒီ ကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် သုံးခုက ရိုက်တာ သတင်းဌာနသို့ ပြောကြားထားပါတယ်။ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ ၁၈…

ဘွမ်ဂျိုင်ထိုင်းပါတီက ထိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်မယ်

ဘန်ကောက်၊ ဇွန် ၂၅ ထိုင်းနိုင်ငံရဲ့ အာဏာရ ညွှန့်ပေါင်းအဖွဲ့ကနေ ပြီးခဲ့တဲ့ သီတင်းပတ်က နုတ်ထွက်သွားတဲ့ ဒုတိယအကြီးမားဆုံး ဘွမ်ဂျိုင်ထိုင်းပါတီက ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ကို အယုံ အကြည်မရှိကြောင်း လွှတ်တော်မှာ အဆို တင်သွင်းသွားမယ်လို့ ဇွန် ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကမ္ဘောဒီးယားနဲ့ ပြင်းထန်လာနေတဲ့ နယ်စပ်ပြဿနာကို ထိုင်းအစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး…

ကျောက်မဲမြို့လယ်ခေါင် ဗုံးကြဲခံရလို့ အရပ်သား လေးဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

ကျောက်မဲ၊ ဇွန် ၂၅ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ လေးဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဇွန် ၂၄ ရက် ညနေပိုင်းမှာ အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့ ရပ်ကွက် ၃…

တနင်္သာရီတိုင်းက သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေ ဘာတွေ ကြုံနေရလဲ။

“စစ်ကောင်စီဘက်က မတရား ဖမ်းဆီးသတ်ဖြတ်တာတော့ ပုံမှန်အတိုင်း ရှိနေဆဲပေါ့နော်။ တစ်လကို တနင်္သာရီတိုင်းထဲမှာ အရပ်သား ၁၀ ယောက် ဝန်းကျင်ကတော့ ပုံမှန်အတိုင်း ဖမ်းဆီးသတ်ဖြတ်ခံရတာရှိတယ်” – ကိုဇော် (FE5 Thanintharyi) တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မေလအတွင်း တိုက်ပွဲနဲ့ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၈၀၈၀၀ ကျော်အထိရှိလာတယ်လို့ FE5 Thanintharyi က…

စစ်အာဏာသိမ်း (၁၆၀၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၈၁၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၂၅ AAPP ရဲ့ ဇွန်၂၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၀၅) ရက်အတွင်း ပြည်သူ (၆၈၁၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၃၂၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၅၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မွန်ပြည်ဖက်ဒရယ်ကောင်စီ ရှေ့လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ စိန်ခေါ်မှုတွေ ရှိနေ

မော်လမြိုင် ၊ ဇွန် ၂၅ တတိယကြိမ် ညီလာခံကနေ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်တဲ့အခါ အဓိက စိန်ခေါ်မှုတွေကို ရင်ဆိုင်ရနိုင်တယ်လို့ ရာမညအင်စတီကျုနိုင်ငံရေးသုတေသနဌာန RICE က သုံးသပ်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ မွန်နိုင်ငံရေးဖြစ်စဉ် ဖြစ်ပေါ်ပြောင်းလဲမှုတွေကို အမြဲတစေ စောင့်ကြည့်လေ့လာနေတဲ့ RICE က မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ တတိယကြိမ် ညီလာခံကြေညာချက်ကို သုံးသပ်ထားပြီး ကြုံတွေ့လာနိုင်တဲ့…