ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ဖြုတ်ချရေးအမှု ထိုင်းတရားရုံး ဆုံးဖြတ်တော့မယ်
ဘန်ကောက်၊ သြဂုတ် ၁၄ အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ သံတမန်ရေးရာ အချင်းများမှုကို ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာအား ထုတ်ပယ်ရေး တောင်းဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ သြဂုတ်၂၉ ရက်မှာ ဆုံးဖြတ်သွားမယ်လို့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက သြဂုတ် ၁၃ ရက်က ကြေညာပါတယ်။ ဆယ်စုနှစ်များစွာအတွင်း နှစ်နိုင်ငံကြား အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားစေခဲ့တဲ့…