စစ်ကောင်စီလွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသား နှစ်ရာခိုင်နှုန်းသာပါဝင်
မော်လမြိုင်၊ ဇန်နဝါရီ ၇ လွတ်ငြိမ်းခွင့်ရသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ နီးပါး ပါဝင်တယ်လို့ စစ်ကောင်စီပြောဆိုပေမယ့် မြေပြင်မှာတော့ ၃၀၀ ကျော်လောက်သာ လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဇန်နဝါရီ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပြုသူတွေထဲမှာ နိုင်ငံရေးပုဒ်မဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ…