စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချကြဖို့ ကရင်လူမှုအဖွဲ့အစည်းတွေ တိုက်တွန်း
မော်လမြိုင်၊ ဒီဇင်ဘာ ၂ အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို လုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘဲ ပြည်သူလူထုအများစုရဲ့ ဆန္ဒမပါဘဲ အတင်းအကြပ်လုပ်ယူတဲ့ အတုအယောင်ရွေးကောက်ပွဲကို အပြင်းအထန် ဆန့်ကျင်ရှုံ့ချတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေက သဘောထားထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် အာဏာသိမ်း စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲအပေါ် ကမ္ဘာ့နိုင်ငံအသီးသီးက ကရင်လူမှုအဖွဲ့အစည်း စုစုပေါင်း ၂၅…
