အတ္တလန္တာ၊ ဒီဇင်ဘာ ၃၁

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်စုက ငြိမ်းချမ်းရေး အားပေးတဲ့အနေနဲ့ အမေရိကန် နိုင်ငံတဝှမ်း လမ်းလျှောက်နေကြပါတယ်။

သူတို့ရဲ့ စောင့်ကြည့် လိုက်ပါရေးယာဉ်ကို ကုန်ကားတစ်စီး ဝင်တိုက်မှုကြောင့် ဘုန်းတော်ကြီး နှစ်ပါး ဒဏ်ရာရရှိခဲ့ပေမယ့် ဆက်လက် လမ်းလျှောက် ချီတက်နေကြတာ ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ် ဖို့ဒ်ဝက်သ်မြို့ကနေ အောက်တိုဘာ ၂၆ ရက်က စတင်ခဲ့တဲ့ လမ်းလျှောက်ပွဲမှာ ဘုန်းကြီး နှစ်ဒါဇင်ကျော် ပါဝင်ပြီး ဂျော်ဂျီယာပြည်နယ်ကနေ ဝါရှင်တန်ဒီစီ အထိ လမ်းလျှောက်ကြမှာ ဖြစ်ပါတယ်။

ဒါက ငြိမ်းချမ်းရေးအတွက် ဗုဒ္ဓဘာသာရဲ့ ကာလရှည်ရှိနေတဲ့ တက်ကြွလှုပ်ရှားမှု အစဉ်အလာ ဖြစ်တယ်လို့ အဲဒီ ဘုန်းတော်ကြီးတွေက မိန့်ကြားပါတယ်။

အဲဒီ ဘုန်းကြီးတွေဟာ ဒီဇင်ဘာ ၃၀ ရက်မှာ ဂျော်ဂျီယာကို ဖြတ်သန်းဖို့ စီစဉ်ထားပြီး အတ္တလန္တာ အရှေ့ပိုင်းအထိ သွားရောက်ဖို့ စီစဉ်ထားပါတယ်။

၆၆ ရက်ကြာ လမ်းလျှောက်မယ့် သူတို့ရဲ့ အစီအစဉ်မှာ ပရိသတ်နဲ့ တွေ့ဆုံမယ့် အစီအစဉ်လည်း ပါဝင်ပြီး အွန်လိုင်းမှာ ထောက်ခံအားပေးမှု အကြီးအကျယ် ရရှိထားပါတယ်။

ဘုန်းတော်ကြီးတွေနဲ့သူတို့ရဲ့ နောက်လိုက်တွေဟာ အမေရိကန်ရဲ့ ပြည်နယ် ၁၀ ခုကို ဖြတ်သန်းပြီး ဝါရှင်တန် ဒီစီအထိ သွားရောက်မှာ ဖြစ်ပါတယ်။

အဲဒီ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ မိတ်ဆွေဖွဲ့ထားသူ ၄ သိန်းကျော် ရှိပြီ ဖြစ်ပါတယ်။

ကားတိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါး ခြေထောက် ဒဏ်ရာ ပြင်းထန်တာကြောင့် ဟူစတွန်မြို့ရှိ ဆေးရုံသို့ ရဟတ်ယာဉ်နဲ့ တင်ပို့ခဲ့ရပါတယ်။

နောက်ဘုန်းတော်ကြီး တစ်ပါးကတော့ ဒဏ်ရာ မပြင်းထန်ပေမယ့် လူနာတင်ယာဉ်နဲ့ ဟူစတွန်မြို့ ဆေးရုံသို့ တင်ပို့ထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.