December 18, 2025

လူထုထောက်ခံမှု လျော့ကျနေချိန် အိမ်ဖြူတော် မိန့်ခွန်းထဲ ထရန့်က အောင်ပွဲတွေ အကြောင်း အလေးထား ပြော

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၈ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းမှာ အိမ်ဖြူတော်ကနေ ရှားရှားပါးပါး ပြောဆိုခဲ့တဲ့ မိန့်ခွန်း အတွင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သူ့ရဲ့ အောင်မြင်အောင် စွမ်းဆောင်ထားနိုင်မှုတွေကို ကြွားဝါ ပြောဆိုပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေမှုအတွက် အရင် ဒီမိုကရက် သမ္မတ ဂျိုးဘိုင်ဒန်ကို အပြစ်တင် ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ ရီပက်ဘလေကန်ပါတီအနေနဲ့…

ထိုင်း-ကမ္ဘောဒီးယား ပြဿနာ ညှိနှိုင်းရေး တရုတ်က အထူးကိုယ်စားလှယ် စေလွှတ်

ဘေဂျင်း၊ ဒီဇင်ဘာ ၁၈ နိုင်ငံအများသို့ လက်နက် ရောင်းချမှုတွေဟာ သာမန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ ဖြစ်တယ်လို့ ဘေဂျင်းက ပြောကြားပြီး ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ အသစ် တစ်ဖန်ကြိုးပမ်းတဲ့အနေနဲ့ နှစ်နိုင်ငံစလုံးသို့ တရုတ် အထူးကိုယ်စားလှယ် စေလွှတ်ထားကြောင်း ကြေညာပါတယ်။ အာဆီယံရေးရာ တရုတ် အထူးကိုယ်စားလှယ် တိန့် ချီကျန်းဟာ အဲဒီ…

ကော့သောင်းမှာ တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

ကော့သောင်း၊ ဒီဇင်ဘာ ၁၈ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ ရှင်တပ်က စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်ကော်မရှင်တပ်ဟာ ကော့သောင်းမြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုအများအပြားမှာ အသက် ၂၀ ကနေ ၃၀…

အမေရိကန်ရဲ့ ရန်လိုမှုကြောင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူပေးဖို့ ဗင်နီဇွဲလား တောင်းဆို

ကာရာကတ်စ်၊ ဒီဇင်ဘာ ၁၈ ဗင်နီဇွဲလားအပေါ် အမေရိကန်ရဲ့ ရန်စမှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးပေးဖို့ သမ္မတ နီကိုလာ့စ် မာဒူရို အစိုးရက အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ ကောင်စီထံ ဒီဇင်ဘာ ၁၇ ရက်မှာ စာရေးသားတောင်းဆိုထားပါတယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ လုံခြုံရေးကောင်စီ အစည်းအဝေး…

တရားမဝင် ဆေးခြောက်စိုက်ပျိုးထားတဲ့ ဗီယက်နမ် နိုင်ငံသား ၃ ဦးကို ထိုင်း ဖမ်းဆီး

ဘန်ကောက် ဒီဇင်ဘာ ၁၈ ဘန်ကောက်မြို့ရှိ ကုန်လှောင်ရုံတစ်ခုမှာ တရားမဝင် စိုက်ပျိုးထားတဲ့ ဆေးခြောက် စိုက်ခင်းကို စီးနင်းမှုအတွင်း ထိုင်းရဲတပ်ဖွဲ့က ဗီယက်နမ်နိုင်ငံသား ၃ ဦးကို ဘတ် ၂ သန်းနီးပါး တန်ဖိုးရှိတဲ့ ဆေးခြောက်အပင် ၁၆၀၀ ကျော်နဲ့အတူ ဖမ်းဆီးလိုက်ပါတယ်။ ဆွဲ့ဘန်း ခရာဒီ ဒေသရှိ အဲဒီ ကုန်လှောင်ရုံက ဆေးခြောက်အနံတွေ ဆိုးဆိုးရွားရွား ထွက်ပေါ်နေတာကြောင့်…

SRA တပ်ပေါင်းစု ဖွဲ့စည်းမှု NUCC ထောက်ခံ

မော်လမြိုင်၊ ဒီဇင်ဘာ ၁၈ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ဖွဲ့စည်းမှုအပေါ် ထောက်ခံကြိုဆိုကြောင်း အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာပေးပို့လာပါတယ်။ အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်‌ရေးတပ်တွေထဲက တပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ…

တနင်္သာရီမှာ စစ်ကော်မရှင် တပ်သားသုံးဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

တနင်္သာရီ၊ ဒီဇင်ဘာ ၁၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အောက်ကင်းကျေးရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းက စစ်ကော်မရှင်ရဲ့ ဒုတပ်ကြပ်တစ်ဦး အပါအဝင် တပ်သားသုံးဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။ အောက်ကင်းကျေးရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်ကော်မရှင်တပ်သားသုံးဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ တနင်္သာရီတိုင်းစစ်ဌာန ရှေ့တန်းကွပ်ကဲရေးအဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့တာပါ။…

စစ်အာဏာသိမ်း (၁၇၈၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၁၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၁၈ AAPP ရဲ့ ဒီဇင်ဘာ၁၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၈၁) ရက်အတွင်း ပြည်သူ (၇၆၁၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၁၄၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၄၉၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ၅၆ မြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ စစ်ကော်မရှင် ရည်ရွယ်ထား

မြစ်ကြီးနား ၊ ဒီဇင်ဘာ ၁၈ စစ်ရှုံးနယ်မြေအတွင်းက ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမရှိဘူးလို့ စစ်ကော်မရှင် ဝန်ခံထားတဲ့ ၅၆ မြို့နယ်မှာ အတတ်နိုင်ဆုံး ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထုတ်ပြောလာပါတယ်။ စစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုစစ်ခေါင်းဆောင်က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားတပ်နယ်က အရာရှိ စစ်သည် မိသားစုဝင်တွေနဲ့…

ပုလောမှာ ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဇနီးမောင်နှံနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

ပုလော၊ ဒီဇင်ဘာ ၁၈ တနင်္သာရီတိုင်း ပုလောမြို့နယ် ဆားခဲကျေးရွာမှာ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာမကြီးတို့ ဇနီးမောင်နှံနှစ်ဦး ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသအခြေ စိုက် တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပုလောမြို့နယ် ဆားခဲကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၉ နှစ်အရွယ် CDM ဝန်ထမ်း ဆရာမကြီး ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူ အသက်…