လူထုအုံကြွမှုအလွန် ပထမဆုံး နီပေါရွေးကောက်ပွဲအတွက် မဲပေးသူအသစ် ၈ သိန်းကျော် မှတ်ပုံတင်ထား
ခတ္တမန္ဒူ ၊ နိုဝင်ဘာ ၂၄ စက်တင်ဘာလက လူထုအုံကြွမှုအတွင်း အစိုးရဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်း နီပေါနိုင်ငံမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးမယ့် လူအသစ် ထောင်ပေါင်းများစွာ မှတ်ပုံတင်ထားကြောင်း ရွေးကောက်ပွဲ အရာရှိတွေက နိုဝင်ဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။ ပထမဆုံးအကြိမ် မဲပေးသူ အမည်ပေါင်း ၈၃၇၀၉၄ မှတ်ပုံတင်ထားကြောင်း ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ နာယာရန်…
