September 2025

မြန်မာရွေးကောက်ပွဲကို အိန္ဒိယ ထောက်ခံတယ်လို့ စစ်အုပ်စု ပြော

ရန်ကုန်၊ စက်တင်ဘာ ၂ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ မရှိဘူးလို့ အများပြောထားတဲ့ ဒီဇင်ဘာလကစပြီး ကျင်းပမယ့် မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲကို အိန္ဒိယက ထောက်ခံပြီး လေ့လာစောင့်ကြည့်ရေး အဖွဲ့ စေလွှတ်ပေးသွားမယ်လို့ ပြောထားကြောင်း စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ မီဒီယာက စက်တင်ဘာ ၁ ရက်က ဖော်ပြပါတယ်။ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့…

မွန်ပြည်နယ်ရဲ့ မဲဆန္ဒနယ်အားလုံးမှာ မွန်ညီညွှတ်ရေးပါတီ ရွေးကောက်ပွဲဝင်မယ်

မော်လမြိုင်၊ စက်တင်ဘာ ၂ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် လာမယ့် အထွေထွေရွေးကောက်ပွဲအပိုင်း ၁ မှာ မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ မွန်ညီညွှတ်ရေးပါတီထံကနေ သိရပါတယ်။ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ မွန်ပြည်နယ်က မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တို့ ပါဝင်ပါတယ်။ အဲဒီမြို့နယ်…

ရေဖြူမှာ မိသားစုသုံးဦး မြေမြှုပ်မိုင်းထိပြီး သားဖြစ်သူသေဆုံး

ရေဖြူ၊ စက်တင်ဘာ ၁ တနင်္သာရီတိုင်း ရေဖြူမြို့နယ် မရမ်းချောင်းကျေးရွာ ရေး-ထားဝယ်ကားလမ်းမှာ မိသားစု သုံးဦး မြေမြှုပ်မိုင်းထိပြီး အသက် ၂ နှစ်အရွယ် သားဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ စက်တင်ဘာ ၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ မရမ်းချောင်းကျေးရွာနေ မိသားစုဝင် သုံးဦးဟာ ကလိန်အောင်မြို့ကနေ ဈေးဝယ်ပြီးပြန်လာစဉ်…

စစ်အာဏာသိမ်း (၁၆၇၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၁၆၉) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂ AAPP ရဲ့ စက်တင်ဘာ ၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာ လ (၁၆၇၄) ရက်အတွင်း ပြည်သူ (၇၁၆၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၁၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၆၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

ရွေးကောက်ပွဲအတွက် တရုတ်နဲ့အိန္ဒိယကို စစ်ခေါင်းဆောင် အပေးအယူလုပ်လာ

နေပြည်တော် ၊ စက်တင်ဘာ ၂ အထွေထွေရွေးကောက်ပွဲကျင်းပမယ့် နေ့ရက် သတ်မှတ်ကြေညာပြီးနောက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေး ကြားဝင်ညှိနှိုင်းနေတဲ့ တရုတ်အစိုးရအပါအဝင် အိန္ဒိယနိုင်ငံတို့ကို အပေးအယူလုပ်လာပါတယ်။ ဩဂုတ် ၃၀ ရက်နေ့ကစပြီး တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့သလို အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့လည်း ဩဂုတ် ၃၁…

စစ်ဆင်ရေးအရှိန်မြှင့်နေတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြော

မော်လမြိုင် ၊ စက်တင်ဘာ ၂ မွန်ပြည်တော်လှန်ရေးတပ် MSRF အနေနဲ့ တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စစ် ဆင်ရေး အရှိန်မြှင့် ဖော်ဆောင်လျက်ရှိတယ်လို့ စက်တင်ဘာ ၁ ရက်နေ့က ထုတ်ပြန်တဲ့ MSRF တပ်ရဲ့ စစ်ဆင်ရေး သုံးနှစ်ပြည့် အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။ မွန်ပြည်တော်လှန်ရေးတပ်အနေနဲ့ စစ်ဆင်ရေး သုံးနှစ်တာကာလအတွင်း မွန်ပြည်နယ်အတွင်းက မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ် တောင်ပိုင်းနဲ့…

မေတ္တာရဲစခန်းက ဒုရဲအုပ်တစ်ဦး PDF ထံ အလင်းဝင်

ထားဝယ်၊ စက်တင်ဘာ ၂ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ စစ်ကော်မရှင်ရဲ့ မေတ္တာနယ်မြေရဲစခန်းက ဒုရဲအုပ်တစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA က ထုတ်ပြန်ပါတယ်။ မေတ္တာနယ်မြေရဲစခန်းရှိ ထားဝယ်ခရိုင်ရဲမှူးရုံးက ဒုရဲအုပ် ကိုသန်းနိုင်ထွန်းဟာ စစ်ကော်မရှင် လက် အောက်မှာ တာဝန်မထမ်းဆောင်လိုတော့တာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့မှာ အလင်းဝင်ခဲ့တာပါ။ ကိုသန်းနိုင်ထွန်းဟာ အလင်းဝင်လာတဲ့အချိန်…

ရေဖြူတိုက်ပွဲကြောင့် ထားဝယ်မှာ ကုန်ဈေးနှုန်းထိုးတက်လာ

ထားဝယ်၊ စက်တင်ဘာ ၂ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းအစပ် ရေဖြူမြို့နယ်က နှစ်တိုက်ပွဲတွေကြောင့် ကုန်ပစ္စည်း ဝင်ရောက်မှု သိသိသာသာ ကျဆင်းလာတဲ့အတွက် ထားဝယ်မြို့မှာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့ကစလို့ ရေဖြူမြို့နယ်ရှိ ရေဖြူ- ထားဝယ်ပြည်ထောင်စုလမ်းပိုင်းက ကျေးရွာတွေကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။…

တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲဝင်မယ့် အမျိုးသမီးပါတီ(မွန်) ဘာတွေ ပြင်ဆင်ထားပြီလဲ။

“ကျွန်မတို့ လူမျိုးသွားတဲ့ လမ်းကြောင်းမှာ သွားရမယ့် လမ်းကြောင်းရှိနေတဲ့အတွက် ထိုးဖောက်ဝင်ရမယ့် မွန်တွေရှိတဲ့ နယ်ဇုန်ကို ဒီလမ်းကြောင်းပဲ သွားလို့ ရမှာကြောင့်မို့လို့ ကျွန်မတို့ ဒီလမ်းကြောင်းပဲ ရွေးရတာပါ။ ကျွန်မတို့ကို နားလည်ပေးပါ” – မိသန်းရှင် အမျိုးသမီးပါတီ(မွန်) စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ နိုင်ငံ တဝန်းလုံး ယှဉ်ပြိုင်မယ့် ပါတီတွေထဲမှာ ပြည်‌‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊…

ထားဝယ်မြို့နယ် မေတ္တာရဲစခန်းက ဒုရဲအုပ်တစ်ဦး PDF ထံ အလင်းဝင်

ထားဝယ်၊ စက်တင်ဘာ ၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ စစ်ကော်မရှင်ရဲ့ မေတ္တာနယ်မြေရဲစခန်းက ဒုရဲအုပ်တစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA က ထုတ်ပြန်ပါတယ်။ မေတ္တာနယ်မြေရဲစခန်းရှိ ထားဝယ်ခရိုင်ရဲမှူးရုံးက ဒုရဲအုပ် ကိုသန်းနိုင်ထွန်းဟာ စစ်ကော်မရှင် လက်အောက်မှာ တာဝန်မထမ်းဆောင် လိုတော့တာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့မှာ အလင်းဝင်ခဲ့တာပါ။ ကိုသန်းနိုင်ထွန်းဟာ အလင်းဝင်လာတဲ့အချိန်…