September 15, 2025

သရက်ချောင်းမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး အလင်းဝင်

သရက်ချောင်း၊ စက်တင်ဘာ ၁၅ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး အလင်းဝင်လာတယ်လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။ သရက်ချောင်းမြို့နယ် အခြေစိုက် အမှတ် ၄၀၅ ခြေမြန်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ကိုရန်နိုင်လင်းဟာ နယ်မြေရှင်းလင်းရေးထွက်ချိန် ထွက်ပြေးလာပြီး ထားဝယ်ခရိုင် အမှတ်…

ရုရှားရေနံ ဝယ်ယူနေမှု ရပ်တန့်ဖို့ နေတိုးအဖွဲ့ဝင် နိုင်ငံအားလုံးကို ထရန့် တိုက်တွန်း

ဘက်စကင်းရိတ်ချ်၊ စက်တင်ဘာ ၁၅ စစ်ပွဲအနိုင်ရရှိရေး နေတိုးအဖွဲ့ရဲ့ ကတိပြုမှုဟာ ၁၀၀ ရာခိုင်နှုန်းထက် အများကြီး လျော့နည်းနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က လူမှုမီဒီယာမှာ ရေးသားဖော်ပြလာပါတယ်။ နေတိုး အဖွဲ့ဝင်နိုင်ငံအချို့က ရုရှားရေနံတွေကို ဝယ်ယူနေတာဟာ ထိတ်လန့်စရာကောင်းတယ်လို့လည်း ထရန့်က ပြောပါတယ်။ ၂၀၂၃ ခုနှစ်ကတည်းက နေတိုးအဖွဲ့ဝင် တူရကီဟာ တရုတ်နဲ့အိန္ဒိယပြီးနောက် ရုရှားရေနံတွေကို တတိယ အများဆုံး…

အကျင့်ပျက်ခြစားမှု အဆုံးသတ်ရေး လုပ်ဆောင်မယ်လို့ နီပေါ ဝန်ကြီးချုပ် အသစ် ကတိပြု

ခတ္တမန္ဒူ ၊ စက်တင်ဘာ ၁၅ အင်တာနက်ခေတ်မှာ ကြီးပြင်းလာတဲ့ မျိုးဆက် “Gen Z”လူငယ်တို့ရဲ့ ဆန္ဒပြပွဲတွေကြောင့် အရင်အစိုးရ ပြုတ်ကျသွားပြီးနောက် ယာယီ ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်နေတဲ့ နီပေါ ခေါင်းဆောင် အသစ်က အကျင့်ပျက်ခြစားမှု အဆုံးသတ်ရေး ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုအတိုင်း လိုက်ပါ လုပ်ဆောင်မှာ ဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်မှာကတိပြုလိုက်ပါတယ်။ စက်တင်ဘာ…