August 6, 2025

စစ်အာဏာသိမ်း (၁၆၄၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၀၄၁) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၇ AAPP ရဲ့ သြဂုတ် ၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၄၈) ရက်အတွင်း ပြည်သူ (၇၀၄၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၅၀၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၃၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

PDF တွေ အလင်းဝင်ဖို့ စစ်တပ်က ဖုန်းမက်ဆေ့ကနေတဆင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်လာ

နေပြည်တော် ၊ ဩဂုတ် ၇ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် စစ်ရေးအသာစီးရနေချိန်မှာ စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် အချိန် ကိုက်လုပ်လာပါတယ်။ မိုးဗြဲမြို့အပါအဝင် နောင်ချိုမြို့နဲ့ သပိတ်ကျင်းမြို့တို့ကို တော်လှန်ရေးအင်အားစုတွေ လက်လွှတ်ခဲ့ရပြီးချိန်မှာ PDF တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို စစ်တပ်နဲ့ လက်တွဲဖို့ ဖုန်းမက့်ဆေ့တွေကနေတဆင့် SAC NEWS က စာတိုပေးပို့ခဲ့တာပါ။…

ရေးမှာ စစ်အုပ်ချုပ်ရေးပယ်ဖျက်ပြီး စည်းကမ်းချက် ၁၇ ချက်ပါတဲ့ ဒေသန္တရအမိန့် ထပ်ထုတ်

ရေး ၊ ဩဂုတ် ၇ မွန်ပြည်နယ် ရေးမြို့နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေးအမိန့် ပယ်ဖျက်ပြီးနောက် စည်းကမ်းချက် ၁၇ ချက်ပါတဲ့ ဒေသန္တရအမိန့်ကို ထပ်မံထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဘက်ကတော့ စစ်အုပ်ချုပ်ရေးအမိန့် ပယ်ဖျက်လိုက်ပေမယ့် ရေးဒေသမှာ အကြမ်း ဖက်အဖွဲ့အစည်းတွေက နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုဆောင်ရွက်နေတာကြောင့် ဒေသန္တရအမိန့် ထပ်မံထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။ အဲဒီဒေသန္တရအမိန့်တွေထဲမှာတော့…

တနင်္သာရီမှာ စစ်တပ်လက်နက်ကြီးကြောင့် ပုခက်ထဲအိပ်နေတဲ့ ကလေးငယ်တစ်ဦးသေဆုံး

တနင်္သာရီ၊ ဩဂုတ် ၇ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်တပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ပုခက်ထဲအိပ်နေတဲ့ ကလေးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ မြန်မာစစ်တပ်ဟာ တိုက်ပွဲမရှိဘဲ လယ်တောင် ယာကျေးရွာ ပတ်ဝန်းကျင်ကို လက်နက်ကြီးငါးလုံး ထက်မနည်း…

ကရင်မှာ တောင်ကျရေနဲ့ မြေပြိုမှုကြောင့် လူ ၈ ဦး သေဆုံး

သံတောင်ကြီး၊ သြဂုတ် ၇ ကရင်ပြည်နယ် တောင်ပေါ်မြို့ဖြစ်တဲ့ သံတောင်ကြီးမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း မိုး သည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေတွေ စီးဆင်းလာကာ မြေပြိုကျမှုကြောင့် သုံးရက်အတွင်း ကလေးနှစ်ဦးအပါအဝင် သေဆုံးသူဦးရေ ၈ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ် ၄ ရက်နေ့က သံတောင်ကြီးမြို့အနီးတဝိုက်က တောင်ပေါ်ရွာတွေမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျရေတွေ စီးဆင်းလာတာ၊ မြေပြိုတာတွေ ဖြစ်ပွားခဲ့တဲ့အတွက်…

တစ်လအတွင်း စစ်တပ်လက်ချက်ကြောင့် အမျိုးသမီး ၆၄ ဦး သေဆုံး

စစ်ကိုင်း၊ ဩဂုတ် ၆ နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လတစ်လအတွင်း စစ်တပ်လက်ချက်ကြောင့် အမျိုးသမီး ၆၄ ဦး သေဆုံးခဲ့ပြီး ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ…

၂၀၂၆ ဖေဖော်ဝါရီမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဘင်္ဂလားဒေ့ချ် ယာယီ ခေါင်းဆောင် ကြေညာ

ဒါကာ၊ သြဂုတ် ၆ ပြီးခဲ့တဲ့နှစ်က အစိုးရကို ပြုတ်ကျစေခဲ့တဲ့ ကြီးကြီးမားမား လူထုအုံကြွမှု နောက်ပိုင်း ပထမဆုံးအဖြစ် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ချ် ယာယီ ခေါင်းဆောင် မိုဟာမက် ယူနာ့စ်က သြဂုတ် ၅ ရက်က ပြောကြားလိုက်ပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း မွတ်စလင် ဥပုသ်လမတိုင်ခင်…

ထရန့်က ငြိမ်းချမ်းရေးယူဖို့ တိုက်တွန်းထားပေမယ့် ရုရှားက ယူကရိန်းကို နှစ်ဆတိုး တိုက်ခိုက်နေ

ဝါရှင်တန်၊ သြဂုတ် ၆ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းထားပေမယ့် ဇန်နဝါရီက အိမ်ဖြူတော်သို့ သူပြန်ရောက်လာပြီးနောက်ပိုင်း ရုရှားက ယူကရိန်းကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ နှစ်ဆကျော် တိုးပြီး တိုက်ခိုက်နေပါတယ်။ ၂၀၂၄ ခုနှစ်က သမ္မတဟောင်း ဂျိုး ဘိုင်ဒန် လက်ထက်မှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေ ပိုများလာခဲ့ပြီး ဖြစ်ပေမယ့် နိုဝင်ဘာက ထရန့်…

စစ်အာဏာသိမ်း (၁၆၄၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၀၃၅) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၆ AAPP ရဲ့ သြဂုတ် ၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၄၇) ရက်အတွင်း ပြည်သူ (၇၀၃၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၄၉၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၃၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

တနင်္သာရီတိုင်းမှာ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒေသခံတွေ ပိုမိုကျပ်တည်းလာ

တနင်္သာရီ၊ သြဂုတ် ၆ တနင်္သာရီတိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ လှုမှုစီးပွားအခြေအနေတွေ ပိုမိုကျပ်တည်းလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောကြပါတယ်။ အထူးသဖြင့် မြေမြှုပ်မိုင်းအန္တရာယ်ကို တနင်္သာရီတိုင်းရဲ့ မြို့နယ်တွေဖြစ်တဲ့ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီမြို့နယ်အပါအဝင် ထားဝယ်အရှေ့တောဒေသက ပြည်သူတွေ အဓိက ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတုန်းကလည်း…