August 2025

တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတချို့ကို စစ်တပ်ပြန်လည်သိမ်းပိုက်လာ

ကျောက်မဲ ၊ ဩဂုတ် ၃၁ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတချို့ကို စစ်တပ်က အင်အားအလုံး အရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်ပြီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်လာနိုင်တယ်လို့ စစ်ကော်မရှင်အောက်မှာရှိတဲ့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်ကစပြီး ဩဂုတ်လအထိ မိုးဗြဲ၊နောင်ချို၊သပိတ်ကျင်း၊ဒီးမော့ဆိုစတဲ့ မြို့တွေအပါအ ဝင် အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင် သတ္တုတွင်း၊ ဂုတ်ထိပ်တံတားနဲ့ အနီးတဝိုက်ကို ပြန်လည် ထိန်းချုပ်လာနိုင်တာ ဖြစ်ပါတယ်။…

ရွေးကောက်ပွဲဝင်တာ ပါတီအနိုင်ရရေးမဟုတ်ဘဲ ပါတီတည်တံ့ရေးလို့ အမျိုးသမီးပါတီ(မွန်) ပြော

မော်လမြိုင် ၊ ဩဂုတ် ၃၁ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တာဟာ ပါတီအနိုင်ရရေး မဟုတ်ဘဲ ပါတီရေရှည်တည်တံ့အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ အမျိုးသမီးပါတီ(မွန်) ဥက္ကဋ္ဌ မိသန်းရှင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အမျိုးသမီးပါတီ(မွန်)ဟာ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၉ ခုထဲမှာ…

ရုရှားအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ မိသားစုဝင်တွေ ဘဝ လှပစေရမယ်လို့ ကင်ဂျုံအန် ကတိပြု

ပြုံးယမ်း၊ သြဂုတ် ၃၀ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားအတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ သူရဲကောင်း မြောက်ကိုရီးယားစစ်သားတွေရဲ့ မိသားစုဝင်တွေ လှပတဲ့ ဘဝကို ပိုင်ဆိုင်စေရမယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်က ကတိပြု ပြောကြားကြောင်း နိုင်ငံပိုင်သတင်းဌာနက သြဂုတ် ၃၀ ရက်မှာဖော်ပြပါတယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ကြိုးစားရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည် စစ်သားတွေရဲ့…

မြန်မာစစ်တပ်ဟာ အတင်းအဓမ္မပျောက်ဆုံးစေမှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ KHRG ပြော

ဘားအံ၊ သြဂုတ် ၃၁ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေတဲ့ အတင်းအဓမ္မပျောက်ဆုံးစေမှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ပေါ်ပေါ်တင်တင်ချိုးဖောက်မှုအဖြစ် ရှုံ့ချဖို့ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းတွေနဲ့ သက်ဆိုင်သူတွေကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တိုက်တွန်းလိုက်ပါတယ်။ ဩဂုတ် ၃၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အဓမ္မပျောက်ဆုံးမှု ကျူးလွန်ခံရသူများနေ့မှာ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မြန်မာပြည်အရှေ့တောင်ပိုင်းမှာ မြန်မာစစ်တပ်က…

ဝန်ကြီးချုပ် ပေသွန်ထန် ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ထိုင်းမှာ အာဏာလွန်ဆွဲမှု ဖြစ်လာ

ဘန်ကောက်၊ သြဂုတ် ၃၀ ကျင့်ဝတ်ဆိုင်ရာ ချိုးဖောက်မှုနဲ့ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာကိုထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက သြဂုတ် ၂၉ ရက်မှာ ထုတ်ပယ်လိုက်တာကြောင့် ရှင်နာဝါထရာ မိသားစုရဲ့ နိုင်ငံရေး ခေတ်သမိုင်းအတွက် နောက်ထပ် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်လာပြီး အာဏာလွန်ဆွဲမှု ကြီးမားလာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ပေသွန်ထန်ဟာ…

ရေဖြူတိုက်ပွဲအတွင်း ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်လေးဦး ဖမ်းဆီးရမိ

ရေဖြူ၊ ဩဂုတ် ၃၁ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော် မရှင်တပ်က ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးရမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေဖြူမြို့နယ်က ကော့လှိုင်း၊ မရမ်းချောင်း၊ မိုင် ၆၀ နဲ့ သာယာမွန်ကျေးရွာတို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်က…

ကျောက်ကြီးမှာ စစ်တပ်လက်နက်ကြီးကျလို့ အရပ်သားနှစ်ဦး ထိမှန်ဒဏ်ရာရ

ကျောက်ကြီး၊ သြဂုတ် ၃၀ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် တလိုင်းခင်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ နတ်သံကွင်းအခြေစိုက် စစ်ကော်မရှင်တပ်ကနေ တလိုင်းခင်ကျေးရွာထဲကို လက်နက်ကြီး ၁၂၀ မမ တစ်လုံး ပစ်ခတ်ခဲ့ပါတယ်။…

ပုလောဇရပ်ဆိပ်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲ

ပုလော၊ ဩဂုတ် ၃၀ တနင်္သာရီတိုင်း ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဩဂုတ် ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာ ဘုန်း ကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ပေါင် ၃၀၀…

ဂုတ်ထိပ်တံတားကို စစ်တပ် ပြန်လည်သိမ်းပိုက်

နောင်ချို၊ သြဂုတ် ၃၀ တအာင်းတပ်မတော် TNLA ထိန်းချုပ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာရှိတဲ့ နာမည်ကြီး ဂုတ်ထိပ်တံတားကို ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်တပ်ရဲ့ ဝါဒဖြန့်သတင်း စာတွေမှာ ဖော်ပြပါတယ်။ ဂုတ်ထိပ်တံတားနဲ့ အဲဒီတံတားရဲ့ မီးရထားလမ်းနေရာတဝိုက်ကို မနေ့ သြဂုတ် ၂၉ ရက်နေ့မှာ စစ်တပ်က ပြန်လည်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့…

စစ်အာဏာသိမ်း (၁၆၇၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၁၅၉) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၃၀ AAPP ရဲ့ သြဂုတ် ၂၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၇၁) ရက်အတွင်း ပြည်သူ (၇၁၅၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၀၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၅၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…