July 2025

ရုရှားကို ပိုမိုထောက်ခံ ကူညီမယ်လို့ ရှီကျင့်ဖျင် ကတိပြု

ဘေဂျင်း ၊ဇူလိုင် ၁၆ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO အစည်းအဝေးအတွက် ဘေဂျင်းမြို့မှာ နိုင်ငံခြားရေးဝန်ကြီးတွေ စုဝေး ရောက်ရှိလာချိန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ရုရှား ထိပ်တန်းသံတမန်ကို မိမိတို့ နှစ်နိုင်ငံ အပြန်အလှန်ထောက်ခံ ကူညီမှု အားပိုကောင်းအောင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်က ပြောကြားခဲ့ပါတယ်။ ဘေဂျင်းက SCO အဖွဲ့ကို နေတိုးလို…

ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ကျင့်ဝတ်ပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးခံရမယ်

ဘန်ကောက်၊ ဇူလိုင် ၁၆ ကမ္ဘောဒီးယားရဲ့ သြဇာကြီးမားတဲ့ ခေါင်းဆောင်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားခဲ့တာနဲ့ ပတ်သက်ပြီး ကျင့်ဝတ်ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံတရားရုံးက ရာထူးတာဝန်က ဆိုင်းငံ့ထားတဲ့ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်…

မော်လမြိုင်(သံလွင်တံတား) တံတားပိတ်ချိန် တိုးမြှင့်သတ်မှတ်

မော်လမြိုင်၊ ဇူလိုင် ၁၆ မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေရဲ့ လမ်းပန်ဆက်သွယ်ရေး အချက်ချာဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်(သံလွင်တံတား) တံတားပိတ်ချိန်ကို ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့ကစပြီး ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။ စစ်ကောင်စီဟာ အရင်က အဲဒီတံတားကို မနက် ၅ နာရီကနေ ညနေ ၉ နာရီအထိ ဖွင့်လှစ်ခဲ့ပေမယ့် ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့ကစပြီး…

စစ်အာဏာသိမ်း (၁၆၂၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၉၇၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁၆ AAPP ရဲ့ ဇူလိုင်၁၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၂၆) ရက်အတွင်း ပြည်သူ (၆၉၇၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၃၈၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၀၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရွေးကောက်ပွဲအတွက် အီလက်ထရောနစ်မဲပေးစက်အပေါ် စစ်ကောင်စီ ရိုးသားနိုင်မလား

နေပြည်တော် ၊ ဇူလိုင် ၁၆ စစ်ကောင်စီဟာ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စစ်ရေး၊နိုင်ငံရေးအပါအဝင် အကျပ်အတည်းတွေအားလုံးကို ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရင် တရားဝင်မှုရပြီး ထွက်ပေါက်ရရှိနိုင်မယ်လို့ ယုံကြည်ထားတာပါ။ ဒီအတွက် နိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် လုံခြုံရေးအရ အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုဖို့ စစ်ကောင်စီက အာဏာသိမ်းကာလမှာ ကြိုတင်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၀ ကျော်မှာ…

KNU တပ်မဟာ ၃ နယ်မြေက ခြောက်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၀ ကျော် သေဆုံး

ညောင်လေးပင်၊ ဇူလိုင် ၁၆ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေက ခြောက်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၀ ကျော် သေဆုံးခဲ့တယ်လို့ KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ ခြောက်လတာအတွင်း KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃…

ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်တပ်ဘက်က နေ့ရောညပါ လက်နက်ကြီးပစ်ခတ်‌နေ

ကျိုက်မရော၊ ဇူလိုင် ၁၆ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ဝှမ်း‌ဒေသရှိ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က နေ့ရောညပါ လက်နက်ကြီးပစ်ခတ်မှုတွေ ထပ်မံပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဇာသပြင်အခြေစိုက် အမှတ် ၈၁ ခြေလျင်တပ်ရင်း၊ အမှတ် ၂၀၈ ခြေမြန်တပ်ရင်းအပါအဝင် အထိုင်တပ်စခန်းတွေကနေ ပြီးခဲ့တဲ့ ဇွန်လအလယ်လောက်ကစလို့ ဂျိုင်းမြစ်ဝှမ်းဒေသက ကျေးရွာ‌တွေကို နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုတွေ…

ငြိမ်းချမ်းရေးဖိုရမ်မှသည် ရွေးကောက်ပွဲဆီသို့ ဦးတည်နေပြီလား

“ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်တယ်ဆိုရင်လည်း အကောင်းမြင်ရှိနေချင်ပါတယ်။ သို့သော်လည်း လက်နက်ကိုင်အဖွဲ့တွေကို ပူးပေါင်းပါဝင်ဖို့ ဆိုတာက လက်နက်ကိုင်တပ်တွေရဲ့နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ရန်လို့ပဲ ကျွန်တော်တို့ နားလည်တယ်ခင်ဗျ။” – ဗိုလ်မှူးကြီး စောကျော်ညွန့် ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းမှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်မှာ နိုင်ငံရေးပါတီတွေ အပစ်ရပ် EAO တွေလည်း တက်ရောက်ကြပါတယ်။ အဲဒီဖိုရမ်မှာ…

ကမ္ဘောဒီးယားက စစ်မှုထမ်းဥပဒေကို လာမယ့်နှစ်မှာ စတင်ကျင့်သုံးမယ်

ဖနွမ်းပင်၊ ဇူလိုင် ၁၅ ထိုင်းနဲ့ နယ်စပ်တင်းမာမှု မြင့်တက်လာတာကြောင့် အသက် ၁၈ နှစ်နဲ့ ၃၀ ကြားအရွယ်ရှိ ကမ္ဘောဒီးယား အမျိုးသားများအားလုံး လာမယ့်နှစ်က စတင်ပြီး မဖြစ်မနေ စစ်မှုထမ်းကြရတော့မှာ ဖြစ်ပါတယ်။ ကာလရှည်ရှိနေခဲ့တဲ့ နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုကြောင့် နယ်စပ် ဖြတ်ကျော် ပစ်ခတ်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးခဲ့တဲ့ မေလကတည်းက…

ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းနဲ့ သဘောတူညီမှု မရယူရင် ရုရှားကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်မယ်လို့ ထရန့် သတိပေး

ဝါရှင်တန်၊ ဇူလိုင် ၁၅ ယူကရိန်းသို့ နေတိုးအဖွဲ့ကတစ်ဆင့် လက်နက်ပေးပို့မယ့် အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ချပြပြီး ရုရှားအနေနဲ့ ယူကရိန်း စစ်ပွဲကို ရက်ပေါင်း ၅၀ အတွင်း အဆုံးမသတ်ရင် ကြီးမားတဲ့ စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးကြိုပမ်းမှုတွေ…