ဘီးလင်း၊ ဇူလိုင် ၂၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရေကြီးရေလျှံမှုအတွင်း လူဦးရေ တစ်သောင်းကျော် ရေဘေးသင့်နေရပြီး လူပေါင်း ၆၀၀ ဟာ ယာယီကယ်ဆယ်ရေစခန်းတွေမှာ ခိုလှုံနေရတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိလာတာကြောင့် ဘီးလင်းမြို့နယ်ရဲ့ အနိမ့်ပိုင်းကျေးရွာတွေနဲ့ ရပ်ကွက်တချို့မှာ ရေကြီးနစ်မြှုပ်မှုတွေ ဖြစ် ပွားနေတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ အနိမ့်ပိုင်းကျေးရွာတွေနဲ့ ရပ်ကွက်တချို့မှာ ရေအမြင့်ပေ ၈ ပေကနေ ၁၀ ပေလောက်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

ရေကြီးမှုကြောင့် ဘီးလင်းမြို့ အမှတ် ၄၊ အမှတ် ၆၊ အမှတ် ၇၊ အမှတ် ၈ ရပ်ကွက်တွေနဲ့ ရွှေလှေ၊ လိပ်ခုံး၊ ညောင်လန်း၊ ညောင်ပုလ္လင်၊ နတ်ကြီး၊ ရွှေလောင်းအင်း၊ ဝင်းမောင်းကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်လောက်မှာ ရေဘေးသင့်နေတာပါ။

ဘီးလင်းမြို့ပေါ် ရေကြီးမှုမှာတော့ ယာယီကယ်ဆယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၂၀၀ နီးပါး ၊ လူဦးရေ ၆၀၀ ကျော် လာရောက်ခိုလှုံနေရပါတယ်။

ရေးကြီးရေလျှံမှုကြောင့် တစ်နေရာနဲ့တစ်နေရာ သွားလာရ ခက်ခဲနေပြီး ရေသန့်၊ အစားအသောက်စတဲ့ အကူအညီတွေ လိုအပ်နေသလို ရေဘေးသင့်ပြည်သူ ပိုများလာမယ့် အခြေအနေနဲ့ ကြုံနေရတာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း ဘီးလင်းမြို့နယ်မှာ ရေကြီးမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Nai Zaw Bo

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.