ရေဖြူမှာ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ တစ်ဦးသေဆုံး
ရေဖြူ၊ ဇူလိုင် ၁၃ တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ မနက်အစောပိုင်းကစပြီး ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ မူးဒူးကျေးရွာဘက်ကို အင်အားအများအပြားပါတဲ့ စစ်ကောင်စီတပ်သားတွေက စစ် ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။ အဲဒီနောက် ညနေ…