ဝါရှင်တန်၊ ဇူလိုင် ၈

အမေရိကန်သို့ မြန်မာနိုင်ငံက တင်ပို့တဲ့ ကုန်စည်တွေကို အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမှု လာမယ့် သြဂုတ်လ ၁ ရက်မှာ စတင် အသက်ဝင်မှာ ဖြစ်ကြာင်း သမ္မတ ဒေါ်နယ်ထရန့်က အသိပေးစာ ပေးပို့ထားပါတယ်။

မြန်မာအပါအဝင် လာအို၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ဆီကိုလည်း အလားတူ အခွန်ကောက်ခံမှာ ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ဇူလိုင် ၇ ရက်မှာ အသိပေးစာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ လာအိုကို အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ အဲဒီအသိပေးစာမှာ ဖော်ပြထားတာကြောင့် အခွန်အများဆုံး ကောက်ခံမှု ဖြစ်လာမှာဖြစ်ပါတယ်။

အခွန်ကောက်ခံကြောင်း နောက်ဆုံး ကြေညာချက်မှာ ထရန့်က ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို ထိပ်ဆုံးမှာ ဖော်ပြထားပြီး ၂၅ ရာခိုင်နှုန်းစီ ကောက်ခံသွားမှာ ဖြစ်ကြောင်း အသိပေးထားပါတယ်။

အခွန်တိုးမြှင့် ကောက်ခံခံရမယ့် နိုင်ငံတွေမှာ ရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ အမေရိကန်သို့ လာရောက် ရင်းနှီး မြှုပ်နှံမယ်ဆိုရင်တော့ အခွန် ကင်းလွတ်ခွင့်ရမယ်လို့ အမေရိကန်သမ္မတရဲ့ အသိပေးစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ အခွန်ကို ရှောင်ရှားရေး တခြားနိုင်ငံတွေက တစ်ဆင့် တင်ပို့ကြောင်း စစ်ဆေးတွေ့ရှိမယ်ဆိုရင် အခွန်ဆက်လက် တိုးမြှင့်သွားမယ်လို့လည်း ထရန့် သတိပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ အမေရိကန်ကြား ကုန်သွယ်မှု ကြီးကြီးမားမား မရှိဘဲ တစ်နှစ်ကို ဒေါ်လာ သန်း ၉၀၀ လောက်ပဲ ရှိတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားသတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ချ်၊ အင်ဒိုနီးရှားနဲ့ ထိုင်းတို့ အပေါ် အမေရိကန် ကောက်ခံမယ်လို့ ကြေညာထားတဲ့ နှုန်းတွေဟာ မြန်မာနဲ့ လာအို အပေါ် ကောက်ခံမယ့် နှုန်းထားတွေထက် ပိုနည်းနေတာ တွေ့ရပါတယ်။

Ref: Hindustantimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.