July 5, 2025

ရွေးကောက်ပွဲအတွက် မွန်ညီညွတ်ရေးပါတီရဲ့ ရှေ့လားရာ

“ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ကျွန်တော်တို့ ပါတီဆက်ရှိနေမယ်ဆိုရင် ရွေးကောက်ပွဲကို မဖြစ်မနေ ဖြတ်ကျော်ရမှာပဲ။ တကယ်လို့ ပြည်သူလူထုက ပါတီမရှိလည်း ရတယ်ဆိုတဲ့ အမြင်မျိုးထွက်လာရင် ကျွန်တော်တို့ ပါတီကတော့ တခြားနည်းလမ်းတွေ ရွေးမှာပေါ့” – နိုင်သန်းရွှေ (MUP ပြောခွင့်ရ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပြည်နယ်အဆင့်စည်းရုံးမယ့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရထားတဲ့ မွန်ညီညွတ်ရေးပါတီက ပြည်တွင်းမှာ မွန်နိုင်ငံရေးပါတီတစ်ခု ရပ်တည်ဖို့ သင့် မသင့်…

ရှီကျင့်ဖျင်နဲ့ ပူတင် မပါဘဲ BRICS အစည်းအဝေး စတင်

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၅ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် BRICS အစည်းအဝေး မတက်ဘူးလို့ ပြောထားတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နိုင်ငံတကာရာဇဝတ် တရားရုံး ICC ဖမ်းဝရမ်းကြောင့် ဘရာဇီးသို့ မသွားဘူးလို့ ပြောထားတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ မပါတဲ့ အစည်းအဝေးကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ဇူလိုင် ၄ ရက်က စတင်ခဲ့ပါတယ်။…

ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှား စစ်ရှုံးမယ့်အရေး လက်မခံနိုင်ဘူးလို့ တရုတ် ပြော

ဘေဂျင်း၊ ဇူလိုင် ၅ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှား စစ်ရှုံးသွားရင် အမေရိကန်က ဘေဂျင်းအပေါ် ရာနှုန်းပြည့် အာရုံစိုက်လာမှာ ဖြစ်တာကြောင့် ရုရှား ရှုံးနိမ့်မယ့်အရေး လက်မခံနိုင်ဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဥရောပသမဂ္ဂ ထိပ်တန်းသံတမန်ကို ပြောကြားခဲ့ပါတယ်။ ပဋိပက္ခအတွင်း ကြားဝင် မစွက်ပါဘူးလို့ တရုတ်က လူသိရှင်ကြား ပြောဆိုထားပေမယ့် အခု ပြောဆိုမှုက သူတို့ရဲ့…

စစ်မှုထမ်း အပတ်စဉ် ၁၂ သင်တန်းဆင်း

နေပြည်တော်၊ ဇူလိုင် ၅ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၁၂ သင်တန်းဆင်းပွဲကို ဇူလိုင် ၄ ရက်နေ့က တိုင်းစစ်ဌာ နချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်း အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဝါဒဖြန့်သတင်း စာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စစ်မှုထမ်းအပတ်စဉ် ၁၂ သင်တန်းကို ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင် တန်းကာလ ၂…

စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးနည်းလမ်းဟာ နိုင်ငံ့ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မှာ မဟုတ်ဘူးလို့ KNU ဥက္ကဋ္ဌ ပြော

ဘားအံ၊ ဇူလိုင် ၅ စစ်အုပ်စုရဲ့ အာဏာဆုပ်ကိုင်ရေးနဲ့ အတင်းအဓမ္မ အုပ်ချုပ်ရေးနည်းလမ်းဟာ နိုင်ငံ့ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မှာမဟုတ်သလို ဖွံ့ဖြိုးတိုးတက်လာမှာမဟုတ်ဘဲ စစ်အာဏာရှင် အဆုံးသတ်ဖို့အတွက် နည်းလမ်းအမျိုးမျိုးအသုံးပြုပြီး ဆန့်ကျင်ကြရမယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ…

ရဲတပ်သားတစ်ဦး မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းထံ အလင်းဝင်

မြိတ်၊ ဇူလိုင် ၅ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မရဲစခန်းက ရဲတပ်သား တစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းထံ အလင်းဝင်ခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန ပြန်ကြားရေးက ဇူလိုင် ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရဲတပ်ဖွဲ့ဝင် သက်တမ်း ၁၁ နှစ်ရှိပြီးဖြစ်တဲ့ ရဲတပ်သား ရန်နိုင်လင်းဟာ မိဘတွေရှိရာ တနင်္သာရီမြို့နယ်ဘက်ကို ထွက်ပြေးလာပြီးနောက် မြိတ်ခရိုင်…

စစ်အာဏာသိမ်း (၁၆၁၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၈၆၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၅ AAPP ရဲ့ ဇူလိုင်၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၁၅) ရက်အတွင်း ပြည်သူ (၆၈၆၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၃၆၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၇၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်မှုထမ်းသင်တန်းတွေကြောင့် လုံခြုံရေးပိုမိုကောင်းမွန်လာမယ်လို့ စစ်ကောင်စီ ပြော

နေပြည်တော် ၊ ဇူလိုင် ၅ ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို ပုံမှန်ဖွင့်လှစ်သွားနိုင်ရင် နိုင်ငံကာကွယ်ရေးအတွက်၊ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကာကွယ်ရေးစွမ်းအားတွေနဲ့ လုံခြုံရေးဆိုင်ရာတွေ ပိုမိုကောင်းမွန်လာမယ်လို့ ဗိုလ် ချုပ်ကြီး ကျော်စွာလင်းက ပြောပါတယ်။ ဇူလိုင် ၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်း အဝေးမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး…

ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ နေပူလှန်း၊ ရိုက်နှက်နှိပ်စက်ခံနေရ

ကျိုက်မရော ၊ ဇူလိုင် ၅ မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းဦးစီး ဝန်ထမ်းတွေက နေပူလှန်းတာနဲ့ရိုက်နှက်နှိပ်စက်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ နိုင်ငံ ရေးအကျဉ်းသားမိသားစုဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီး ဝန်ထမ်းတွေဟာ နိုင်ငံရေးပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အရင်ထက် ပိုပြီး တင်းကျပ်တာ၊ အနိုင်ကျင့်တာ၊ အကြောင်းမရှိ…

ဝေါ်လေမြို့စစ်တပ်ဗျူဟာကို KNU စတင်တိုက်ခိုက်

ဝေါ်လေ၊ ဇူလိုင် ၅ ထိုင်း-မြန်မာနယ်စပ်နား ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေမြို့အခြေချ စစ်တပ်ဗျူဟာကို အခုရက်ပိုင်းထဲကစလို့ KNLA KNDO ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဝေါ်လေမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းကုန်းနဲ့ ထီးသဲလယ်ကာကင်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ KNDO တို့က အခုလ ဇူလိုင်အစောပိုင်းရက်တွေက…