June 12, 2025

စစ်အာဏာသိမ်း (၁၅၉၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၉၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၁၃ AAPP ရဲ့ ဇွန်၁၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၉၃) ရက်အတွင်း ပြည်သူ (၆၇၉၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၂၇၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၅၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်ခေါင်းဆောင်ရဲ့ နျူကလီးယားစွမ်းအင်ရရှိရေးအစီအစဉ် တုံ့ပြန်ကြဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

နေပြည်တော် ၊ ဇွန် ၁၃ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ခေါင်းဆောင်ရဲ့ နျူကလီးယားစွမ်းအင်ရရှိရေး အစီအစဉ် ဆောင်ရွက်မှုတွေကို အထူးအလေးအနက်ထားပြီး လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အသုံးပြုမယ်လို့ အကြောင်းပြပြီး စစ်ရေးအတွက် နျူကလီးယား နည်းပညာရယူဖို့ အရှိန်မြှင့်ကြိုးပမ်းလုပ် ဆောင်လာတယ်လို့ NUG…

လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းနေတဲ့ မွန်ပြည်နယ်စစ်ကောင်စီက ခွင့်ပြချက်မရှိဘဲ တခြားနည်း အသုံးမပြုဖို့ပြော

မော်လမြိုင် ၊ ဇွန် ၁၃ မွန်ပြည်နယ်အတွင်းက လယ်ယာမြေတချို့ကို စီမံကိန်း အကြောင်းပြချက်တွေနဲ့ အကွက်ရိုက်ရောင်းစားနေတဲ့ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ တခြားနည်း အသုံးမပြုဖို့ ပြောလာပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးမှာ စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ကသူ့လက်အောက် ခံ…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး လေးဦးဒဏ်ရာရ

ဘီးလင်း၊ ဇွန် ၁၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ ဇွန် ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃ ခြေမြန်တပ်ရင်းကနေ…

ကျိုက်ထိုက စစ်ကားတန်းမိုင်းဆွဲမှုမှာ အရပ်သားလေးဦးပါ ဒဏ်ရာရ

ကျိုက်ထို၊ ဇွန် ၁၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဒေါင်းတောင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကားမိုင်းဆွဲခံရတဲ့ ဖြစ်စဉ်အတွင်း အရပ်သားကားပါထိမှန်ပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၁၂ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်မှာ သိမ်ဇရပ်ဘက်ကနေ ကျိုက်ထိုဘက်ကို မောင်းလာတဲ့ စစ်ကားတန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတန်းနောက်ပါလာတဲ့ အိမ်စီးကားကိုပါ ထိမှန်ခဲ့ပါတယ်။…

လူ ၂၀၀ ကျော်လိုက်ပါလာတဲ့ Air India လေယာဉ် ပျက်ကျ

နယူးဒေလီ ဇွန် ၁၂ အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ဂူဂျာရတ်ပြည်နယ် အမီဒါဘက်မြို့မှာ Air India လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းဟာ ဇွန် ၁၂ ရက်မှာ လေဆိပ်ကနေ ပျံတက်ပြီး မကြာမီမှာပဲ ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။ အမီဒါဘက်မြို့ကနေ လန်ဒန်မြို့က ဂတ်ဝစ်လေဆိပ်ကို ထွက်ခွာခဲ့တဲ့ Flight AI171 လေယာဉ်ပေါ်မှာ လူ ၂၄၂ ဦး လိုက်ပါသွားခဲ့တယ်လို့…

ကြီးမားတဲ့ စစ်ရေး ပြပွဲနဲ့အတူ အင်အားထုတ်ပြဖို့ ထရန့် စီစဉ်

ဝါရှင်တန်၊ ဇွန် ၁၂ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ အတွက် မြို့တော် ဝါရှင်တန်မှာ သံချပ်ကာကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ တပ်ဖွဲ့ဝင် ထောင်ချီ ပါဝင်တဲ့ ကြီးမားတဲ့ စစ်ရေးပြပွဲ ကျင်းပရေး အိပ်မက်ဟာ ဇွန် ၁၄ ရက်မှာ အကောင်အထည်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ အမေရိကန်စစ်တပ် တည်ထောင်မှု နှစ် ၂၅၀ ပြည့်…

နှစ်နိုင်ငံ အပြန်အလှန် လေးစားပြီး လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းဖို့ တောင်းကိုရီးယား သမ္မတကို တရုတ်သမ္မတ ပြော

ဘေဂျင်း၊ ဇွန် ၁၂ နှစ်နိုင်ငံ ပင်မအကျိုးစီးပွားတွေနဲ့ အဓိက စိုးရိမ်စရာတွေကို အပြန်အလှန် လေးစားပြီး ဆက်ဆံရေးကို လမ်းကြောင်းမှန်ပေါ် ဆက်ရှိနေစေရေး သေချာအောင် ဆောင်ရွက်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်ကို ဇွန် ၁၀ ရက်မှာ ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ သမ္မတအသစ် လီ ရာထူး စတင်လက်ခံပြီး…

နမ္မတူမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီး

နမ္မတူ၊ ဇွန် ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အရပ်သားပြည်သူတွေရဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇွန်လ ၁၂ ရက်နေ့ မနက်အစောပိုင်း ၁ နာရီအချိန်ခန့်မှာ နမ္မတူမြို့နယ် မန်လီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာလေယာဉ်ဖြင့်…

ကော့ကရိတ် ပိုင်ရပ်ကျေးရွာစာသင်ဝိုင်းကို အကြမ်းဖက်အဖွဲ့ လက်နက်ကြီးနဲ့ပစ်ခဲ့တာလို့ စစ်ကောင်စီ ဝါဒဖြန့်

မော်လမြိုင် ဇွန် ၁၂ ပြီးခဲ့တဲ့ ဇွန် ၉ ရက် မွန်းလွဲပိုင်းက မွန်နဲ့ ကရင်ပြည်နယ်အစပ် ပိုင်ရပ်ကျေးရွာမှာရှိတဲ့ စာသင်ကျောင်းကို စိစစ်ဆဲ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒီနေ့ ဇွန် ၁၂ ရက်ထုတ် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဇွန် ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ…