June 2025

စစ်အာဏာသိမ်း (၁၅၈၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၇၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၄ AAPP ရဲ့ ဇွန်၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၈၄) ရက်အတွင်း ပြည်သူ (၆၇၆၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၂၁၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်တပ်ရဲ့ ကျူးလွန်မှုနောက်ကွယ်က သွေးစွန်းလက်တွေကို အရေးယူပေးဖို့ တိုက်တွန်း

မော်လမြိုင် ၊ ဇွန် ၄ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ စစ်တပ်အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေနဲ့ ရာဇဝတ်မှုတွေအပေါ် နောက်ကွယ်က သွေးစွန်းလက်တွေကို နိုင်ငံတကာက အရေးယူပေးဖို့ တမာအင်စတီကျူက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ သေနတ်များနောက်ကွယ်မှ သွေးစွန်းလက်များ မြန်မာစစ်တပ်ရဲ့ လက်နက်ထုတ်လုပ်သူတွေကို ဖော်ထုတ်ခြင်း အမည်နဲ့ တမာအင်စတီကျူက ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။ မြန်မာစစ်တပ်ရဲ့ ပြည်တွင်းလက်နက်…

ပြည်တွင်းရွှေဈေး အတက်ကြမ်းနေ

မော်လမြိုင် ၊ ဇွန် ၄ ပြည်တွင်း မီးလင်းအခေါက် ရွှေဈေးဟာ ဇွန်လအစမှာပဲ တစ်ကျပ်သားကို ကျပ် ၇၈ သိန်းဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်းရွှေဈေးဟာ ဇွန် ၃ ရက်နေ့မှာ တစ်ကျပ်သားလျှင် ကျပ် ၇၈ သိန်းဝန်းကျင်အထိ မြင့်တက်လာပြီး စစ်ကောင်စီ သတ်မှတ်ထားတဲ့ ရွှေရည်ညွှန်းဈေးနဲ့ နှိုင်းယှဉ်ရင် တစ်ကျပ်သားကို…

ကော့သောင်းမှာ စစ်မှုထမ်းတပ်သားနှစ်ဦး PDF ထံ အလင်းဝင်

ကော့သောင်း၊ ဇွန် ၄ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲအခြေစိုက် ရှေ့တန်းအခြေကုတ်စခန်းက စစ်ကောင်စီတပ်သားနှစ်ဦး အလင်းဝင်လာခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ထံက သိရပါတယ်။ ခမောက်ကြီးမြို့နယ် နန္မသွန် ရှေ့တန်းအခြေကုတ်စခန်း ခမရ ၃၄၂ က အသက် ၂၉ နှစ်အရွယ် တပ် သား ဇင်မင်းသူဟာ ပြီးခဲ့တဲ့ မေ ၃၀ ရက်နေ့မှာ ကော့သောင်းမြို့နယ်…

သေဘောဘိုးစခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ကျော် ထိုင်းဘက်ခြမ်း စစ်ရှောင်နေရ

ဝေါ်လေ၊ ဇွန် ၄ ကရင်ပြည်နယ် ဝေါ်လေဒေသထဲမှာရှိတဲ့ သေဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခုခံပစ်ခတ်နေပြီး တိုက်ပွဲကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးရောက်ရှိလာတဲ့ ဒေသခံပြည်သူ ဦးရေ ၅၀၀ ကျော် ရှိလာပြီဖြစ်တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၃ ရက် မနက်အစောပိုင်းကစပြီး မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါ်လေ ကားလမ်းမပေါ် သေဘောဘိုးကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို…

နယ်မြေပေးရင် ငြိမ်းချမ်းရေး သဘောတူညီမှု ရယူမယ်လို့ ယူကရိန်းကို ရုရှား ပြော

အစ္စတန်ဘူလ်၊ ဇွန် ၃ ယူကရိန်းအနေနဲ့ နယ်မြေအသစ်တွေကို ပေးအပ်ပြီး စစ်တပ် အင်အား ကန့်သတ်မှုကို လက်ခံမယ်ဆိုမှ စစ်ပွဲ အဆုံးသတ်မှာ ဖြစ်ကြောင်း ရုရှားက ဇွန် ၂ ရက်မှာ ကျင်းပတဲ့ အစ္စတန်ဘူလ်မြို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွင်း တောင်းဆိုခဲ့ကြောင်း ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။ ယူကရိန်းမှာ သွေးချောင်းစီးမှု အဆုံးသတ်ရေး အမေရိကန်က တောင်းဆိုထားပေမယ့်…

ထိုင်းနဲ့ နယ်စပ် အငြင်းပွားမှု ကမ္ဘောဒီးယားက ICJ သို့ တိုင်ကြား

ဖနွမ်းပင်၊ ဇွန် ၃ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ နယ်စပ် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးခဲ့ပြီးနောက် ထိုင်းနဲ့ နယ်စပ်အငြင်းပွားမှုကို နိုင်ငံတကာတရားရုံး ICJ ထံ တိုင်ကြားထားကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက်က ဇွန် ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ နယ်စပ်မှာ မသေချာမရေရာမှုနဲ့ ပတ်သက်လို့ နောက်ထပ် တိုက်ခိုက်မှု မဖြစ်ပွားစေရေး…

TNLA ထိန်းချုပ်ဒေသမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၂ ဦး သေဆုံး

သီပေါ၊ ဇွန် ၃ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တစ်လအတွင်း စစ်ကောင်စီရဲ့ လက်ကျန်မိုင်းတွေကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က သီပေါမြို့နယ် ကုန်စုံကျေးရွာမှာ နေထိုင်တဲ့ အသက်…

တပ်ပြေးရဲဘော် ၅ ဦးကို အရေးယူမယ်လို့ MLA ကြေညာ

မော်လမြိုင် ၊ ဇွန် ၃ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မှာ ရဲဘော် ၅ ဦးဟာ တာဝန်ထမ်းဆောင်နေချိန်အတွင်း သက်ဆိုင်တဲ့ အထက်အရာရှိတွေကို သတင်းပေးပို့ခြင်းမရှိဘဲ တာဝန်ကျရာနေရာကနေ စွန့်ခွာထွက်ပြေးခဲ့တယ်လို့ ဇွန် ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ထွက်ပြေးသူတွေရဲ့ အမည်၊ ကိုယ်ပိုင်အမှတ်၊ အသက်နဲ့ တာဝန်တွေကို ဖော်ပြထားပြီး ရဲဘော်မျိုးဟိန်းခိုင် (ခ) ကျောင်းသား၊ ရဲဘော်…

နိုင်ငံတဝန်းမှာ တစ်လအတွင်း အရပ်သား ၁၅၀ ကျော်သေဆုံး

မော်လမြိုင်၊ ဇွန် ၃ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ မေလအတွင်း ဒီမိုကရေစီလှုပ်ရှားသူတွေအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၁၅၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီလက်ချက်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သူ ၁၄ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ အာဆီယံအနေနဲ့ စစ်ကောင်စီကို အာဆီယံသဘောတူညီချက်…