ကော့ကရိတ်၊ မေ ၂၂

နိုင်ငံတဝန်းမှာ အခုနှစ်ငါးလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ပညာရေးကဏ္ဍက ဆရာဆရာ မနဲ့ ကျောင်းသူ ကျောင်းသား စုစုပေါင်း ၅၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မေ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ မေ ၂၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍက ဆရာ၊ ဆရာမအပါအဝင် ကျောင်းသား၊ ကျောင်းသူတွေထဲမှာ အမျိုးသမီး ၃၂ ဦးနဲ့ အမျိုး သား ၁၈ ဦး စုစုပေါင်း ၅၀ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၈ ဦး ပါဝင်ပြီး သေဆုံးသူတွေထဲမှ ၄၀ ဦးဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ၄ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မေ ၁၉ ရက်ကလည်း ကရင်ပြည်နယ် ကျုံဒိုးမြို့မှာ စစ်ရှောင်ရာကနေ နေအိမ်ခဏပြန်လာတဲ့ CDM ကျောင်းဆရာ ဦးသက်ဦးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်း လေးနှစ်ကျာ်ကာလအတွင်း စစ်ကောင်စီနဲ့ လက်ပါးစေတွေရဲ့ လက်ချက်ကြောင့် ပြည်သူ ၆၇၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.