May 19, 2025

အခြေခံပညာ ကျောင်းဆရာ/ဆရာမတွေကို ခြိမ်းခြောက်ရင် အရေးယူမယ်လို့ CDF-Asho ထုတ်ပြန်

မကွေး မေ ၁၉ အခြေပညာအဆင့် ကျောင်းဆရာ/ဆရာမတွေကို ခြိမ်းခြောက် နှောင့်ယှက်ရင် အရေးယူမယ်လို့ Chin Defense Force-Asho က မေ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။ မကွေးတိုင်း ငဖဲမြို့နယ် တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသကျေးရွာတွေမှာရှိတဲ့ ကျောင်းဆရာ/ဆရာမတွေကို ခြိမ်းခြောက်တာ၊ နှောင့်ယှက် ဟန့်တားတာ၊ ဖမ်းဆီးထိန်းသိမ်းတာ၊ ပညာသင်ကြားမှု ကျောင်းကိစ္စတွေကို ဝင်ရောက်စွက်ဖက်ရင် တားမြစ် အရေးယူမယ်လို့…

ဆန်တစ်ခါမှ ဝယ်မစားခဲ့ရဖူးဘူးလို့ ပြောမိတဲ့ ဂျပန် စိုက်ပျိုးရေး ဝန်ကြီး ပြန်တောင်းပန်

တိုကျို၊ မေ ၁၉ ဂျပန်မှာ ပုံမှန်စားသုံးတဲ့ အစားအစာ တစ်ခု ဖြစ်တဲ့ ဆန်ဈေး ခေါင်ခိုက်အောင်မြင့်တက်နေချိန်မှာ ထောက်ခံသူတွေ လက်ဆောင်ပေးတာကြောင့် ဆန်တစ်ခါမှ ဝယ်မစားခဲ့ဖူးဘူးလို့ ပြောဆိုမိလို့ ပြည်သူတွေကို ဒေါသထွက်စေမိခဲ့ပြီးတဲ့နောက် စိုက်ပျိုးမွေးမြူရေးဝန်ကြီး တာကူ အီတိုက ပြန်လည် တောင်းပန်လိုက်ပါတယ်။ မေ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ ပါတီ ရန်ပုံငွေ ရှာဖွေရေး အခမ်းအနားမှာ…

ခြိမ်းခြောက်မှုတွေရှိနေပေမယ့် ယူရေနီယံ ဆက်လက် သန့်စင် ထုတ်လုပ်သွားမယ်လို့ အီရန် ပြော

တီဟီရန်၊ မေ ၁၉ တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ပတ်သက်လို့ လက်ရှိ ဆွေးနွေးမှုတွေ ရှိနေပေမယ့် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေနဲ့ သဘောတူညီမှု ရသည်ဖြစ်စေ မရသည် ဖြစ်စေ ယူရေနီယံ သန့်စင်မှု ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မေ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ အီရန်ကို နျူကလီးယား…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ၉ ဦး သတ်ဖြတ်ခံရ

တနင်္သာရီ၊ မေ ၁၉ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဖမ်းဆီးမှုကြောင့် အရပ်သား ၂၃၂ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီ ၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။ ဧပြီလအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေနဲ့ မြို့ပေါ်တွေမှာ အဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးတာ၊ စစ်ကြောင်းထိုးချိန် လူသားဒိုင်းအဖြစ်…

နောင်ချိုမှာ ဒရုန်းဗုံးကြဲချမှုကြောင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရ

နောင်ချို၊ မေ ၁၉ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ နောင်ချိုမြို့နယ် တောင်ကျကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ…