မော်လမြိုင်၊ မေ ၃

စစ်ကောင်စီဟာ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ကြေညာခဲ့တဲ့ ယာယီအပစ်ခတ်ရပ်စဲ ကာလအတွင်းမှာ ငလျင်ကြောင့် အိုးအိမ်စွန့်ခွာနေရပ်ထွက်ပြေးသူတွေခိုလှုံနေတဲ့ အရပ်သားအဆောက်အအုံတွေအပေါ် အသက်ဆုံးရှုံးစေနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ Fortify Right က မေ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

“မြန်မာစစ်‌ကောင်စီရဲ့ ဘုရားစူး အပစ်အခတ်ရပ်စဲရေးဟာ အတုအယောင်ပါပဲ” လို့ Fortify Rights ရဲ့ လူအခွင့်အရေးစုံစမ်းစစ်ဆေးရေးတာဝန်ခံ ကိုစိုင်းအာကာက ဆိုပါတယ်။

ဧပြီလ ၂ ရက်နေ့ကတည်းက စစ်ကောင်စီဟာ ငလျင်ဒဏ်သင့် ဒေသတွေမှာပါ ပြင်းထန်တဲ့ လေ ကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ သေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုတွေဟာ လူ့အသက်နဲ့ နိုင်ငံတကာဥပဒေအပေါ် ဂရုမစိုက်တာကို ပြောင် ပြောင်တင်းတင်းပြသနေတာလို့ ဆိုထားတာပါ။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေးနှစ်တာကြာမြင့်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန် မာနိုင်ငံရှိ လူဦးရေ ၃.၅ သန်းဟာ နေရပ်စွန့်ခွာခဲ့ရပြီး သန်းပေါင်းများစွာဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း အပစ်ခတ်ရပ်စဲထားတဲ့ ဧပြီလ ၂ ရက်နေ့မှစပြီး တိုက်ခိုက်မှု ပေါင်း ၁၂၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုတ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ Foritfy Right ရဲ့ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.