ကျောက်ကြီး၊ မေ ၃
၂၀၂၅ ခုနှစ် ပထမလေးလအတွင်း ပဲခူးတိုင်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အပစ်မဲ့အရပ်သားပြည်သူစုစုပေါင်း ၃၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မေ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရင်နေ့အထိ လေးလအတွင်း ပဲခူးတိုင်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၁၈ ဦး သေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် ၂ ဦး ပါဝင်ပြီး သေဆုံးသူတွေထဲမှ ၁၉ ဦးဟာ စစ် ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်မှာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းကျေး ရွာအုပ်စုကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကညင်တိုင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်ခိုင်ဝင်း၊ ကိုစိန်ရန်နဲ့ မအိရွှေဝင်းတို့သုံးဦး ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ မြန် မာနိုင်ငံမှာ အာဏာသိမ်းကာလ လေးနှစ်အတွင်း စစ်ကောင်စီနဲ့ လက်ပါးစေအဖွဲ့ တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့်အပြစ်မဲ့ အရပ်သားပြည်သူ ၆၆၀၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU