မော်လမြိုင်၊ ဧပြီ ၁၉
စစ်ကောင်စီ ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ တစ်ရာခိုင်နှုန်းပင် မပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်း ထောင်၊အချုပ်ထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသားအကျဉ်းသူ ၄၈၉၃ ဦးကို လွတ် ငြိမ်းခွင့်ပြုခဲ့တာပါ။
အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၂၁ ဦးနဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅၇ ဦးသာ ပါဝင်တယ်လို့ PPNM က ဧပြီ ၁၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
လူသတ်မှု၊ မုဒိန်းမှု၊ တခြားလုံခြုံရေးဆိုင်ရာအက်ဥပဒေ စွဲချက်တွေနဲ့ အကျဉ်းကျခံနေရသူတွေကလွဲလို့ ကျန်အကျဉ်းသားတွေကို ထောင်ဒဏ်လျှော့ပေါ့ပေးမယ်လို့လည်း ဆိုပါတယ်။
အခုလွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေဟာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျုးလွန်မယ်ဆိုရင်တော့ မူရင်းထောင်ဒဏ်အပြင် ကျန်ရှိတဲ့အပြစ်ဒဏ်ကိုပါ တပါတည်း ပူးတွဲကျခံရမယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အဆိုအရ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်အထိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအရေအ တွက်ဟာ ၂၂၁၈၇ ဦးအထိ ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI