April 19, 2025

နေပြည်တော်ကို မြို့ကွက်ချမှုပုံစံ ပြန်လည်ရေးဆွဲမယ်

နေပြည်တော်၊ ဧပြီ ၁၉ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့ နေပြည်တော်ကို မြို့အကွက်ချမှုပုံစံ ပြန်လည်တွက် ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလာပါတယ်။ မနေ့ ဧပြီ ၁၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ် ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်က ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေရှိ ထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့ အ…