မော်လမြိုင် ၊ ဧပြီ ၁၃
မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတွေက သင်္ကြန်ပွဲတော်ကာလပြီး အမျိုး သမီးစစ်မှုထမ်းတွေ ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေရတယ်လို့ ဒေ သခံ အမျိုးသမီးငယ်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
လက်ရှိဒေသတွင်းမှာတော့ စစ်ကောင်စီလက်အောက်ခံတွေဟာ သင်္ကြန်ပွဲတော်ကာလအလွန် အ မျိုးသမီးစစ်မှုထမ်းတွေ စတင်ခေါ်ယူစုဆောင်းဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေထွက်ပေါ်နေတာပါ။
အခုလို အမျိုးသမီးစစ်မှုထမ်း ခေါ်ယူမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ် လာတာကြောင့် စစ်မှုထမ်းအသက်အရွယ်နဲ့အကျုံးဝင်တဲ့ အမျိုးသမီးငယ်တွေကြား စိုးရိမ်စိတ်တွေ မြင့်တက်ပြီးနောက် တ ဖက်နိုင်ငံတွေကို သွားရောက်ဖို့ ပြင်ဆင်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။
အမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီဟာ ပထမဆုံးအမျိုးသားတွေကို စစ်မှုထမ်းခေါ်ယူတဲ့အ တွက် စိုးရိမ်မှုရှိခဲ့ရတဲ့အပြင် အခုတဖန်အမျိုးသမီးတွေပါ ခေါ်ယူမယ့်သတင်းကြောင့် စိုးရိမ်ရသလို အမျိုးသမီးတွေဟာ မီးဖိုချောင်ကိစ္စပဲ လုပ်တတ်တာကြောင့် စစ်သင်တန်းတက်ရမယ်ဆိုတာ မ ဟုတ်တဲ့အရာတွေလို့ ဝေဖန်ပါတယ်။
“အမျိုးသားတွေအကုန်လုံး စစ်မှုထမ်းဖို့ခေါ်တယ်။ အဲဒီတုန်းကလည်း စိုးရိမ်တယ်။ အခု အမျိုးသမီးတွေပါ ခေါ်တယ်ဆိုတော့ ကျွန်မတို့အိမ်ရှင်မတွေဆိုတာက မီးဖိုချောင်ပဲဝင်ရတာလေ။ ထမင်းဟင်း ချက်ပြုတ်ဘာလုပ်လုပ်ပေါ့။ ပြီးရင် စစ်သင်တန်းတက်ရမယ်။ ပြီးတော့ ရှေ့တန်းထွက်ရမယ်။ စစ် တိုက်ထွက်ရမယ်ဆိုတော့ ဒါမဟုတ်တဲ့အရာတွေလေ” လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံအနှံ့တိုက်ပွဲတွေရဲ့ စစ်ရေးမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီက အခုလို သူတို့အာဏာတည်မြဲဖို့အတွက် အမျိုးသမီးတွေကိုပါ စစ်ထဲဆွဲထည့်တာဟာ မဖြစ်သင့်သလို အမျိုးသမီးတွေရဲ့ အခွင့် အရေးတွေကိုပါ ချိုးဖောက်တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
အမျိုးသမီးတစ်ဦးကလည်း လက်ရှိစစ်ကောင်စီက စစ်မှုထမ်းအတွက် အမျိုးသမီးတွေကိုပါ ခေါ်ယူမယ့်သတင်းကြောင့် ဒေသတွင်းမှာ အနှောင့်အယှက်ဖြစ်ရသလို တိုင်းတပါးက ကျူးကျော်တာ မ ဟုတ်ဘဲ လူတစ်စုအတွက်သာ ကာကွယ်ရမယ်ဆိုတာကြောင့် မဝင်နိုင်ဘူးလို့ ပြောပါတယ်။
“ဒီစစ်မှုထမ်းဖို့အတွက် ဒီအမျိုးသားတွေ လိုက်ခေါ်တယ်။ အမျိုးသမီးတွေခေါ်တယ်ဆို ကျွန်တော်တို့ ဒီဒေသမှာလည်း တအားအနှောင့်အယှက် ဖြစ်တယ်။ အခက်အခဲ ဖြစ်တယ်လေ။ ကျွန်မတို့က တိုင်းပြည်ကို ကာကွယ်ရမှာမဟုတ်ဘူး။ သူတို့ အဖွဲ့အစည်းအတွက်ကို ကာကွယ်ရမှာ။ ကျွန်မတို့ တိုင်းပြည်ကို ကာကွယ်ရမယ်ဆိုရင် တခြားတိုင်းတပါးသားတွေလာခဲ့လို့ ကျူးကျော်ရင်တော့ ကျွန် မတို့ အသက်နဲ့လဲပြီးတော့ ကာကွယ်ရမှာပဲလေ။ အခုက သူတို့လူတစ်စုအတွက်ကို ကာကွယ်ဖို့အတွက်ကို ကျွန်မတို့မဝင်နိုင်ဘူးလေ” လို့ ပြောပါတယ်။
လက်ရှိစစ်ကောင်စီရဲ့ အမျိုးသမီးစစ်မှုထမ်း စတင်ခေါ်ယူတော့မယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သ တင်းတွေကြောင့် အမျိုးသမီးတွေဟာ လမ်းသွားရင်တောင် လုံခြုံမှုမရှိတော့သလို အချိန်မရွေး စစ်မှုထမ်းစုဆောင်းခံရနိုင်တဲ့ အခြေအနေ ဖြစ်လာတယ်လို့ အမျိုးသမီးတွေက ပြောပါတယ်။
တဖက်မှာ စစ်ကောင်စီ ပြန်လည်အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံသားဖြစ်တဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်းရှိတဲ့ အမျိုးသမီးတွေဟာ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်ထိ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု ပညာတတ်မြောက်သူအပါအဝင် တခြား အတတ် ပညာ တစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ အမျိုးသမီးတွေဆိုရင်တော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အသက်အရွယ်ရှိပါက စစ်မှုထမ်းရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက် လစဉ်စစ်မှုထမ်းသင်တန်းတွေ ပေးနေပြီး ပြီးခဲ့တဲ့ မတ်လအထိ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၁ အထိ သင်တန်းပေးထားကာ အဲဒီထဲမှာတော့ အမျိုးသမီးတွေပါဝင်တာ မရှိသေးဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI