သင်္ကြန်ကာလနဲ့အလွန်မှာ ခံစစ်ပြင်ဖို့သာ စစ်ကောင်စီလုပ်နိုင်မယ်လို့ အကဲခတ်တွေသုံးသပ်
နေပြည်တော် ၊ ဧပြီ ၁၃ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လာမယ့်သင်္ကြန်ကာလနဲ့အလွန်မှာ မြို့တွေထပ်မံလက်မလွှတ်ခံရရေးအတွက် ခံစစ်လောက်ကိုပဲ အဓိကလုပ်ရမယ့် အနေအထားဖြစ်နေတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ မတ် ၂၈ ရက်နေ့မှာ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်စတာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင် အားပြင်း ငလျင်ဟာ နေပြည်တော်ရှိ စစ်ရုံးချုပ်အပါအဝင် တိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်းတချို့ရှိ အဆောက်အဦတွေကို…