ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး နှစ်ပါးဒဏ်ရာရ
ကျိုက်ထို၊ မတ် ၂၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး နှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိမ်ဇရပ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ မတ် ၂၁ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ပဲခူးတိုင်း ဝေါမြို့နယ် လက်ပန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ရာကနေ ခရွဲကျေးရွာရှိ…