စဉ့်ကူး၊ မတ် ၁၈

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အမျိုးသမီး သုံးဦး ထပ်မံသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

MDY PDF ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာကို မနေ့ မတ်လ ၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေနေထိုင်ရာ ရပ်ကွက်တွေအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ အမျိုးသမီးသုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှာ စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၁ ဦး သေဆုံးထားပါတယ်။

စဉ့်ကူးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိတော့ပေမယ့် စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေအပေါ် မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ MDY PDF က အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MDY PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.