အမှန်/အမှား
++++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“ပေါ့ဆမီးကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့တဲ့ မုန်းဇလဲရွာ မီးလောင်မှုဟာ PDF တွေကြောင့်”ဆိုပြီး စစ်ကောင်စီတပ် လော်ဘီတွေ သတင်းမှားဖြန့်ချီနေတဲ့ အကြောင်းကို စိ စစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီဖြစ်တဲ့ Snow Queen တယ်လီဂရမ်ချန်နယ်ကနေ မတ် လ ၁၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ မကွေးတိုင်း ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှာ မတ်လ ၁၂ ရက်နေ့က ပေါ့ဆမီးကတဆင့် မီးလောင်လို့ အိမ်ခြေလေးရာနီးပါး ဆုံးရှုံးခဲ့ပြီး လူဦး ၁၈၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ သက်ကြီးရွယ်အို တစ်ဦး သေဆုံးခဲ့တဲ့ သတင်းကို လွတ်လပ်သောသတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။
မတ် ၁၂ ရက်နေ့ နေ့လည် ၂ နာရီခန့်မှာ မုန်းဇလဲကျေးရွာ အနောက်တောင်အရပ်က နေအိမ် ၁ လုံးမှာ လူကြီးတွေမရှိချိန် ကလေးတွေက ထင်းမီးနဲ့ဟင်းချက်စားရာကနေ နေအိမ်ကို မီးကူးပြီး မီး လောင်မှု စတင်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို မြေလတ်သတင်းဌာနက ဖော်ပြထားပါတယ်။
အကင်လုပ်စားကြရင်း စတင်လောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေနဲ့ လွတ်လပ်သော သတင်းမီဒီယာတွေမှာ ဖော်ပြထားပြီး မီးကတော့ မတ်လ ၁၂ရက်နေ့ ညနေ ၅ နာရီခွဲမှာ မီးထိန်းနိုင်ခဲ့ပေမယ့် မတ် လ ၁၃ ရက်နေ့ မနက် ၅နာရီဝန်းကျင်မှာသာ အလုံးစုံမီးငြိမ်းနိုင်ခဲ့တာပါ။
မီးလောင်မှုကြောင့် အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိတဲ့ မုန်းဇလဲကျေးရွာက အိမ်ခြေ ၄၂၀ ဝန်းကျင် မီး လောင်ဆုံးရှုံးခဲ့ပြီး အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ The Nation Voice သတင်းမှာ ဖော်ပြထားပါတယ်။
People’s Spring သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
မြေလတ်သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
The Nation Voice ကဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်