နိုင်ငံတဝန်းမှာ တစ်လအတွင်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ ကျော် ရှိ
မော်လမြိုင်၊ မတ် ၁၇ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုပေါင်း ၆၀၄ မှုရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူထားတဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။ မတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းတွေအရ လွတ်လပ်စွာသွားလာခွင့်၊ ဘာသာရေးအဆောက်အဦတွေ ဖျက်ဆီးတာ၊ ဖိအားပေး ရွှေ့ပြောင်းစေတာ၊ တရားလက်လွတ်ဖမ်းဆီးတာနဲ့ အတင်းအဓမ္မစေခိုင်းတာတွေဟာ အကြိမ်ရေ ဆယ်နဲ့ချီ…