မော်စကို၊ မတ် ၅
မတ် ၄ ရက်က မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီချက်တွေ အများကြီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာအောင် ဆောင်ရွက်ရေး၊ ကာကွယ်ပေးရေး၊ ပညာရေး၊ အသိအမှတ်ပြု လက်မှတ်တွေနဲ့ ဘွဲ့တွေကို အပြန်အလှန် အသိအမှတ်ပြုရေး အပါအဝင် တခြား သဘောတူညီမှု များစွာကိုလည်း မြန်မာနဲ့ရုရှားကြား လက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှား မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

နှစ်ဖက် ဆွေးနွေးရာမှာ သမ္မတ ပူတင်က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်လာသလို ကုန်သွယ်မှုဟာလည်း ၄၀ ရာခိုင်နှုန်း၊ အမေရိကန် ဒေါ်လာ ၂ ဘီလီယံအထိ တိုးတက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး စည်းရုံးပေးတဲ့အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကျေးဇူးတင်ကြောင်းလည်း သမ္မတ ပူတင်က ပြောပါတယ်။
ရုရှားက မြန်မာဆီ လိုအပ်တဲ့ စွမ်းအင်အရင်းအမြစ်တွေကို ယုံကြည် စိတ်ချစွာ ပို့ပေးနေတယ်လို့လည်း သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို ပြည်ပက ထောက်ပံ့ပေးခဲ့တဲ့ ရေနံတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရုရှားက ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။
ရုရှားနဲ့ သဘောတူညီမှု ၁၀ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း၊ စိန့်ပီတာစဘာ့ဂ်နဲ့ နိုဗိုဆီဘာ့စ်မြို့တို့မှာ မြန်မာကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံသို့ လာရောက်ဖို့ မင်းအောင်လှိုင်က သမ္မတ ပူတင်ကို ဖိတ်ကြားခဲ့တယ်လို့လည်း သိရပါတယ်။
Ref:tvbrics