ကျောက်ကြီး၊ ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းတပ်သားသုံးဦးဟာ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား သုံးဦးဟာ စစ်ကောင်စီရဲ့ အမှတ် ၅၈၄ ခြေမြန်တပ်ရင်းက တပ်သား မြတ်မင်းသူ၊ တပ်သား ဝင်းမင်းကို၊ တပ်သား မိုးသောက်ယံတို့ ဖြစ်ပါတယ်။

သူတို့ သုံးဦးဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကျောက်ကြီးမြို့နယ် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA တပ်ရင်း ၉ ထံ လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။

လက်နက်ချ အလင်းဝင်လာတဲ့ တပ်သားသုံးဦးကို KNU ကျောက်ကြီးမြို့နယ် တာဝန်ရှိသူတွေအပါ အဝင် KNLA တပ်ရင်း ၉ တာဝန်ရှိသူတွေက တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရတဲ့ တပ်သားတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေဆီ ရရာနည်းနဲ့ လက်နက်ချအလင်းဝင်ဖို့ KNU က တိုက် တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.