အမှန်/အမှား
++++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့ “ကလေးစစ်သားတွေကို မိဘတွေထံ ပြန်ပို့ပေးနေပြီ ”လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း၊ကြေးမုံသတင်းစာအပါအဝင် တပ်လော်ဘီတွေရဲ့ ချန်နယ်တွေမှာ ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ နိုင်ငံအနှံ့ တောင်လှန်ရေးအင်အားစုပေါင်းစုံနဲ့ တိုက်နေရတဲ့ စစ်ကောင်စီတပ်က တပ်သားသစ် လိုအပ်ချက်ဖြည့်တင်းဖို့ ရန်ကုန်အပါအဝင် ပြည်နယ်နဲ့တိုင်းအသီးသီးက လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး ဒီသတင်းကို ဖုံးကွယ်ချင်တဲ့အတွက် ကလေးစစ်သားတွေကို နှုတ်ထွက်ခွင့်ပြုတယ်လို့ ချိန်သားကိုက် ဝါဒဖြန့် ထုတ်ပြန်လာခြင်းသာ ဖြစ်တယ်လို့ လွတ်လပ်သော သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲဖို့ မန္တလေးတိုင်းမှာ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအပါအဝင် အဖွဲ့စုံဖွဲ့ထားပြီးတော့ အသက်မပြည့်တဲ့လူငယ်တွေကိုပါ အသက်ပြည့်မှတ်ပုံတင်တွေထုတ်ကာ တခါထဲဖမ်းဆီးသွားမယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်ကို လူထုနွေဦး သတင်းဌာနက ဖော်ပြထားပါတယ်။
စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးချိန်မှာ မှတ်ပုံတင်မရှိသေးတဲ့လူငယ်တွေကို တခါထဲဖမ်းဆီးကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထောက်ခံချက်လုပ်ပြီး လဝက ကတစ်ခါထဲ မှတ်ပုံတင်ထုတ်ပေးကာ စစ်မှုထမ်းစေဖို့ စီစဉ်နေတာဖြစ်တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။
စစ်တပ်ထဲမှာ ကလေးစစ်သားပေါင်း ၁၀၀၀ ကျော် စစ်မှုထမ်းခဲ့တယ်လို့ စစ်ကောင်စီကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်း သိမ်းရေး ကော်မတီအစည်းအဝေးမှာ ပြောခဲ့ကြောင်း DVB မှာလည်း ဖော်ပြထားပါတယ်။
DVB သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
People’s Spring သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
မောင်းသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်