ကွတ်ခိုင်၊ ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာမှာ ကလေးငယ်လေးဦး မိုင်းနင်းမိတာကြောင့် က လေးငယ်နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်မှာ နမ့်ဆိုင်ကျေးရွာနေ ကလေးငယ် လေးဦးဟာ ချောင်းတစ်ခုအတွင်း ငါးသွားဖမ်းနေချိန် လက်လုပ်မိုင်း နင်းမိခဲ့တာပါ။
လက်လုပ်မိုင်းနင်းမိတာကြောင့် အသက် ၄ နှစ်အရွယ် လွေးအေးနွေးနဲ့ အသက် ၅ နှစ်အရွယ် မိုင်းအနိုင်တို့ သေဆုံးခဲ့ပြီး အသက် ၉ နှစ်အရွယ် မိုင်းထွန်းအောင်နဲ့ အသက် ၈ နှစ်အရွယ် မိုင်းအညို့လာတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်လုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်နှစ်ဦးကိုတော့ နီးစပ်ရာဆေးရုံကို ပို့ ဆောင်ပေးခဲ့ပြီး ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ တအာင်းပြည်နယ်မှာ အခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ လက်လုပ်မိုင်းနင်းမိတာကြောင့် အရပ်သားပြည်သူ လေးဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA