January 25, 2025

နိုင်ငံခြားကိုပေးမယ့် အကူအညီ အားလုံး အမေရိကန် ရပ်ဆိုင်း

ဝါရှင်တန်၊ ဇန်နဝါရီ ၂၅ အမေရိကန်နိုင်ငံကနေ လက်ရှိ နိုင်ငံခြားသို့ ပေးနေတဲ့ အကူအညီ အားလုံးကို ရပ်ဆိုင်းလိုက်ပြီး ထပ်ပေးမယ့် အကူအညီတွေကို ဆိုင်းငံထားလိုက်ကြောင်း ပြည်ပရှိ အရာရှိတွေနဲ့ သံရုံးတွေဆီ ပေးပို့လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ပေါက်ကြားလာခဲ့ပါတယ်။ သမ္မတအသစ် ဒေါ်နယ် ထရန်ရဲ့ နိုင်ငံခြားရေးမူဝါဒ အသစ်အရ နိုင်ငံခြားဖွံ့ဖြိုးရေး အကူအညီ ပေးအပ်နေမှုကို ရပ်ဆိုင်းပြီး ထိရောက်မှုနဲ့…

ကျားဖြန့် နှိမ်နင်းရေး ထိုင်းနဲ့ တရုတ် ပူးတွဲစင်တာ ဖွင့်လှစ်မယ်

ဘန်ကောက်၊ ဇန်နဝါရီ ၂၅ ဖုန်းနဲ့ရော အွန်လိုင်းပေါ်မှာပါ လူတွေကို လိမ်လည်နေတဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ထိုင်း နယ်စပ်တလျှောက်ရှိ ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွင်းရေး ထိုင်းနဲ့ တရုတ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အဲဒီ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေဟာ လူမှောင်ခိုကူးခံရသူတွေကို ခေါ်ယူပြီး အတင်းအကြပ် အလုပ်စေခိုင်းလေ့ရှိပါတယ်။ အရှေ့တောင်အာရှ အထူးသဖြင့် မြန်မာ၊ ထိုင်း၊ လာအိုနဲ့…

ပကာရီရဲစခန်းအနီး စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ဘာနဲ့ ပစ်သတ်ခံရ

ထားဝယ်၊ ဇန်နဝါရီ ၂၅ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ပကာရီကျေးရွာရဲစခန်းအနီး စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က ပကာရီရဲစခန်းဂိတ်မှာ စစ်ဆေးရေးလုပ် ဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒူရကစစ်ကြောင်းအဖွဲ့က စနိုက်ဘာနဲ့ သွားရောက် ပစ်ခတ်ခဲ့တာပါ။ အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ဦးဟာ…

သီပေါမှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

သီပေါ၊ ဇန်နဝါရီ ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မန်ကောင်းကျေးရွာမှာ အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ဇန်နဝါရီ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ အသက် ၃၄ နှစ်အရွယ် ဦးဆိုင်လီနော်ဆိုဟာ အရင်က စစ်ကောင်စီတပ်စွဲထားတဲ့…

စစ်မှုထမ်း တိုးမြှင့်ခေါ်ယူဖို့ စစ်ကောင်စီကို နိုင်ငံရေးပါတီတွေ အကြံပြု

နေပြည်တော် ၊ ဇန်နဝါရီ ၂၅ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်ရေးနဲ့ စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူရေး နိုင်ငံရေးပါတီကိုယ်စားလှယ်တွေက အကြုံပြုခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ဇန်နဝါရီ ၂၃ နဲ့ ၂၄ ရက်နေ့တို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ ဇန်နဝါရီ…

မြိုင်မြို့နယ်က PDF စခန်း ၃၀ ကျော် မီးလောင်ပြာကျသွားတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“မကွေးတိုင်း မြိုင်မြို့နယ်က PDF စခန်း ၃၀ ကျော် မီးလောင်ပြာကျသွားတယ်” ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှားဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့…

နတ်တလင်းမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာကို PDF တွေလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဆီဆုံကုန်းကျေးရွာမှာ အရပ်သားတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာဟာ ရွာခံ PDF တွေ ”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်…