January 24, 2025

အမေရိကန်မှာ မွေးဖွားသူတွေကို နိုင်ငံသားဖြစ်ခွင့်မပေးတဲ့ ထရန့်ရဲ့ အမိန့် တားမြစ်ခံရ

ဆီယက်တယ်၊ ဇန်နဝါရီ ၂၄ အမေရိကန်မှာ မွေးဖွားသူတွေကို အမေရိကန်နိုင်ငံသား အလိုအလျောက် ဖြစ်ခွင့်ပေးနေမှုကို ရီပက်ဘလေကန် သမ္မတ ဒေါ်နယ် ထရန့်က တားမြစ်ကြောင်း အမိန့် ကြေညာခဲ့ပြီးနောက် ဖက်ဒရယ် တရားသူကြီးတစ်ဦးက အဲဒီ အမိန့်ကို အစိုးရက အကောင်အထည် မဖော်နိုင်စေရေး ဇန်နဝါရီ ၂၃ ရက်မှာ တားမြစ်ပြီး ဖွဲ့စည်းပုံနဲ့ လုံးဝ မညီတဲ့ လုပ်ရပ်…

ယူကရိန်းမှာ နေတိုးအဖွဲ့ရဲ့ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေ ချထားမယ့် အစီအစဉ် ရုရှား ပယ်ချ

မော်စကို၊ ဇန်နဝါရီ ၂၄ ရုရှားနဲ့ အပစ်ခတ်ရပ်စဲထားတဲ့အချိန် ယူကရိန်းမှာ နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေ ချထားမယ့် အစီအစဉ်ကို ရုရှားက ဇန်နဝါရီ ၂၃ ရက်မှာ ပယ်ချလိုက်ပြီး အဲဒီလိုလုပ်ရပ်က ထိန်းချုပ်မရတဲ့ အရှိန်မြင့်တက်မှု ဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ အဲဒီအစီအစဉ်ဟာ ရုရှားအတွက် လုံးဝ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန…

ဝိုင်းမော်မြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ ဦး သေဆုံး

ဝိုင်းမော်၊ ဇန်နဝါရီ ၂၄ ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇန်နဝါရီ ၂၃ နေ့အထိ ဝိုင်းမော်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ကိုးဦးနဲ့…

ခေါဇာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံး

ရေး၊ ဇန်နဝါရီ ၂၄ မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်စခန်း နှစ်ခု တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ခေါဇာမြို့အနီးရှိ စစ်ကောင်စီရဲ့ မီးတိုင်တက်တံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့်…