မော်လမြိုင် ဇန်နဝါရီ ၂၄

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဘိလပ်မြေတစ်အိတ် ကျပ် ၃၀,၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာပြီး ဈေးကွက်အတွင်း ပစ္စည်းလုံးဝပြတ်လပ်သွားမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီပထမအပတ်က တစ်အိတ်ကျပ် ၁၈,၀၀၀ ကျော်သာရှိတဲ့ ဘိလပ်မြေဈေးဟာ ဇန်နဝါရီတ တိယအပတ်မှာတော့ တစ်အိတ်ကျပ် ၂၇,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာပြီး တချို့ဒေသတွေမှာ ဝယ်ယူလို့မရတဲ့အထိ ဖြစ်လာခဲ့တာပါ။

ဘိလပ်မြေ ပြတ်လပ်မှုဟာ ကရင်ပြည်နယ် မြိုင်ကလေးဘိလပ်မြေစက်ရုံမှာ ဂက်စ်လိုင်းပျက်နေတာ အချိန်တစ်ပတ်ကျော်သွားပြီး ပြင်ဆင်မှုမပြီးသေးတာကြောင့်လို့ ဆိုပါတယ်။

ဘိလပ်မြေ ပြတ်လပ်လာမှုနဲ့အတူ ဈေးနှုန်းအဆမတန် မြင့်တက်လာတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတချို့ ရပ်နားထားကြတာပါ။

အလားတူ ဘိလပ်မြေဈေးနှုန်း စံချိန်တင်မြင့်တက်တဲ့အတွက် ဆက်စပ်လုပ်ငန်းသုံးပစ္စည်းတွေဖြစ်တဲ့ သံ၊ အုတ်၊ သဲ၊ ကျောက်အစတဲ့ ကုန်ကြမ်းပစ္စည်းတချို့ ဈေးနှုန်းလိုက်တက်လာတယ်လို့ လုပ် ငန်းရှင်တွေထံက သိရပါတယ်။

ဘိလပ်မြေပြတ်လပ်မှုကို နှစ်ပတ်အတွင်း မဖြေရှင်းနိုင်ပါက ဆောက်လုပ်ရေးကဏ္ဍအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.