တနင်္သာရီ၊ ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ပဝကျေးရွာနဲ့ အရှေ့သာရဖုံကျေးရွာထဲ စစ်ကောင်စီတပ်လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံခုနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။
မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ တနင်္သာရီအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၀၆ အမြောက်တပ်၊ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းတွေကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီးအလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ပဝကျေးရွာမှာ လေးလုံး၊ အရှေ့သာရဖုံကျေးရွာမှာ နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပဝကျေးရွာနေ အသက် ၁၆ နှစ်အရွယ် မောင်လှိုင်ဇင်ဖြိုးအပါအဝင် ဒေသခံခြောက်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အရှေ့သာရဖုံကျေးရွာမှာတော့ အသက် ၁၉ နှစ်အရွယ် မဇင်သူလွင်ဟာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။
လက်နက်ကြီးကြောင့် နေအိမ် သုံးလုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသ ခံတွေကိုတော့ နီးစပ်ရာဆေးခန်းတွေနဲ့ တနင်္သာရီမြို့နယ်ဆေးရုံတွေမှာ ကုသမှုခံယူနေရပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ အဲဒီကျေးရွာနှစ်ရွာဟာ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် တကူကျေးရွာနဲ့သံတိုက်ကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူငါးဦး ထိမှန်ဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ