အမှန်/အမှား
++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရွှေသောင်ကျေးရွာကို စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲခဲ့ပေမယ့် သူတို့လုပ်တာမဟုတ်ဘူး”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှားဖြန့်ချိနေတဲ့ အ ကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇန်နဝါရီ ၉ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရွှေသောင်ကျေးရွာကို ဇန်နဝါရီ ၆ ရက်နေ့မှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကို ဒေသခံတွေက လွတ်လပ်သော သတင်းဌာနတွေကို ပြောထားပါတယ်။
ရွှေသောင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ ရွှေသောင်ကျေးရွာဘုန်းကြီး ကျောင်းအပေါ် ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးစိုးသူရဲ့ အစ်ကိုဖြစ်တဲ့ ကျောင်းထိုင်ဘုန်းကြီး ဗုံးစထိမှန် ပျံလွန်တော်မူသွားတယ်လို့ DVB သတင်းဌာနမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူခဲ့တဲ့ ဆရာတော် ဥူးကုသလဟာ သက်တော် ၄၂နှစ်သာ ရှိသေးပြီး ကျေးရွာအတွက် အားထားရတဲ့ ဆရာတော်တစ်ပါး ဖြစ်တယ်လို့ ရွှေသောင်ကျေးရွာဒေ သခံတွေက MPA သတင်းဌာနကို ပြောထားပါတယ်။
DVBသတင်းဌာနက သတင်းလင့်
MPA သတင်းဌာနကဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်