ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁၃
မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသ တိုက်ပွဲအရှိန်ကြောင့် စစ်ရှောင်ခဲ့ရတဲ့ ပြည်သူတွေကို မွန်ပြည်သစ်ပါတီ ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးဌာနက စားနပ်ရိက္ခာ ပို့ဆောင်ထောက်ပံ့ ပေးခဲ့တယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လတ်တလော တိုက်ပွဲပြင်းထန်မှုကြောင့် ကျုံလောင်းရွာအပါအဝင် ကျောက်မိကျောင်းနဲ့ ဝယ်ပေါင်က ဒေသခံတွေဟာ ရေးတောင်ပိုင်းရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ထွက်ပြေးတိမ်းရှောင်လာကြတာပါ။
စစ်ရှောင်အရေအတွက် ၄၀၀ ကျော်ကို စားနပ်ရိက္ခာနဲ့ ဆေးဝါး စတာတွေကို အကူအညီပေးနိုင်ဖို့ ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးဌာနက စာရင်းကောက်ပြီး ထားဝယ်ခရိုင်နဲ့ ပူးပေါင်းကာ ဆန်၊ဆီ၊ငါးသေတ္တာနဲ့ အသင့်အစားအစာတွေ ကနဦး ထောက်ပံ့ပေးထားတယ်လို့ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MRDC