မြေပြန့်ဒေသနဲ့ ဆက်စပ်ဒေသတွေမှာ စစ်ရေးအရှိန်မြှင့်မယ်လို့ TNLA ဥက္ကဋ္ဌ ပြော
နမ့်ခမ်း၊ ဇန်နဝါရီ ၁၃ ၂၀၂၅ ခုနှစ်အတွင်း မြေပြန့်ဒေသနဲ့ အခြားဆက်စပ်ဒေသတွေမှာ စစ်ရေးအရှိန် ပိုမိုမြှင့်တင်သွားမှာဖြစ်တာကြောင့် ချမှတ်ထားတဲ့ ဘေးကင်းလုံခြုံရေးအစီအမံတွေကို အထူးလိုက်နာကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်လုန်းက ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့က ကျရောက်တဲ့ ၆၂ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းမှာ TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး…