January 9, 2025

မြို့သိမ်းတိုက်ပွဲဖြစ်မလာသေးတဲ့ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာနိုင်

မော်လမြိုင် ၊ ဇန်နဝါရီ ၁၀ မွန်ပြည်နယ်မှာ မြို့ သိမ်းတိုက်ပွဲဖြစ်မလာသေးဘဲ လက်ရှိအခြေအနေအတိုင်း ဆက်ဖြစ်နေရင် ရွေးကောက်ပွဲကို စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာနိုင်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အစီရင်ခံစာက သုံးသပ်ထားပါတယ်။ သန်းခေါင်စာရင်းကို မဲစာရင်းအဖြစ် အသုံးပြုမယ်လို့ စစ်ခေါင်းဆောင် ပြောဆိုခဲ့မှုအပေါ် မွန်ပြည် နယ်က သန်းခေါင်စာရင်းအပြည့်အဝကောက်ယူနိုင်ခဲ့တဲ့ မော်လမြိုင်၊ ချောင်းဆုံနဲ့ ပေါင်မြို့နယ်တို့မှာ ရွေးကောက်ပွဲကို…

နိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်နေပေမယ့် ပြည်တွင်းခရီးစဉ်တွေ ဘေးကင်းလုံခြုံတယ်လို့ စစ်ကောင်စီပြော

နေပြည်တော် ၊ ဇန်နဝါရီ ၁၀ စစ်အာဏာသိမ်းမှုကနေ နိုင်ငံအနှံ့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာပြီး မြို့အများအပြား လက်လွှတ်နေရချိန် မြန်မာနိုင်ငံအတွင်းက ခရီးစဉ်တွေဟာ လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်တယ်လို့ စစ်ကောင်စီက ပြောဆိုလာပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီအဖွဲ့ဝင် ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး ဗိုလ် ချုပ်ကြီးမြထွန်းဦးက ပြောဆိုခဲ့တာပါ။…

ကျောက်နီမော်တိုက်ပွဲအတွင်း နေအိမ် ၂၅၀ နီးပါး မီးလောင်ပျက်စီး

လောင်းလုံး၊ ဇန်နဝါရီ ၁၀ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ လေးရက်အကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ကျောက်နီမော်ကျေးရွာက စစ်ကောင်စီနဲ့ပျူးစောထီးတပ်စခန်းတွေကို တော်လှန်ရေးအင်အားစုအဖွဲ့ဖြစ်တဲ့ ထားဝယ်တပ်ပေါင်းစုက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လေးရက်ဆက်တိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း တပ်စခန်းတွေ…

စစ်ကောင်စီတပ်သားနှစ်ဦး KNLA ထံ လက်နက်နဲ့အလင်းဝင်

ကျောက်ကြီး၊ ဇန်နဝါရီ ၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ တပ်သားဖြစ်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ ထံ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇန်နဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ အမှတ် ၂၈၈ ခြေလျင်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေရတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးဟာ စစ်မှုထမ်းသက် ၁…

သိမ်ဇရပ်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ နှစ်ဦး သေဆုံး

သိမ်ဇရပ်၊ ဇန်နဝါရီ ၉ မွန်ပြည်နယ် သိမ်ဇရပ်မြို့ရှိ သိမ်ဇရပ်နယ်မြေရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ဇန်နဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်ကောင်စီတပ်သားတွေပါ တပ်စွဲနေထိုင်နေတဲ့ သိမ်ဇရပ်နယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်လောက်မှာ…

ဂရင်းလန်းကို ထိန်းချုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုအတွက် ထရန့်ကို ဂျာမနီနဲ့ ပြင်သစ် သတိပေး

ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၉ ဒိန်းမတ်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဂရင်းလန်း ဒေသကို ထိန်းချုပ်ဖို့ စစ်အင်အား အသုံးပြုမှု ပယ်ချမထားဘူးလို့ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အနိုင်ရထားသူ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ခဲ့ပြီးနောက် ခြိမ်းခြောက်မှုတွေ မပြုလုပ်ဖို့ သူ့ကို ဂျာမနီနဲ့ ပြင်သစ်တို့က သတိပေး ပြောကြားလိုက်ပါတယ်။ နယ်စပ်ဒေသ မချိုးဖောက်ရေးမူဟာ နိုင်ငံသေးသေးပဲဖြစ်ဖြစ် အရမ်း…

ထိုင်းအစိုးရက လျှပ်စစ်မီတာခ လျှော့ချဖို့ စီစဉ်

ဘန်ကောက်၊ ဇန်နဝါရီ ၉ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ ဝါထရာအကြံပေးထားတဲ့ အတိုင်း ထိုင်းအစိုးရက လျှပ်စစ်မီတာခ လျှော့ချနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေကြောင်း လက်ထောက်ဝန်ကြီးချုပ် ပီချိုင် ချွတ်ဟာ ဗာဂျီရာက ပြောကြားလိုက်ပါတယ်။ ယခုနှစ် လာမယ့်နှစ်ကုန်ပိုင်းမှာ လျှပ်စစ်မီတာ တစ်ယူနစ်ကို ဘတ် ၃ ဒဿမ ၇၀ နှုန်းအထိ လျှော့ချဖို့ အစိုးရက ရည်ရွယ်ထားကြောင်း…

မိုးကုတ်မြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

မိုးကုတ်၊ ဇန်နဝါရီ ၉ မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဂေါက်ကွင်းနဲ့ မစိုးရိမ်ကျောင်းတိုက်အတွင်း ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဇန်နဝါရီ ၈ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ကနေ…